Chapter - 31

7.6K 942 68
                                    

နာရေးအိမ်မှာ ညတော်တော်နက်တဲ့အထိ နေပေးပြီးမှ Devin နှင့်အတူ ပြန်လာခဲ့ပြီး မောင်းလာရာလမ်းတစ်လျှောက် Jonathan ရဲ့အကြောင်း ပြောပြရမည်လား၊ မပြောပဲနေရမည်လား လွန်ဆွဲနေရာက Devin ကို မကြာခဏလှည့်ကြည့်မိတော့သည်။

"မင်း ပြောစရာရှိနေတာလား။ ငါ့မျက်နှာကိုခဏခဏ မင်းလှည့်ကြည့်နေတယ်"

"အင်း ငါပြောစရာရှိနေတယ်။ ​ပြောစရာဆိုတာထက် ပြစရာရှိတာ ဒီမှာကြည့်..."

ဟိုရက်ကတည်းက ရရှိထားသည့် ခြိမ်းခြောက်စာကို Devin ထံကမ်းပေးလိုက်တော့ ယူဖတ်နေရာက မျက်မှောင်တွေတွ့န်ချိုးလာကာ စာရွက်ကိုလုံးခြေ၍ အပြင်ဘက်ဆီသို့ လွှင့်ပစ်လိုက်ပြီးနောက်.....

"သေတဲ့သူကို ထည့်မပြောချင်ပေမယ့် နှစ်ကောင်စလုံး လူပါးဝနေတာ။ သူခိုးရဲ့အစ်ကိုက ခံရသူအထာမျိုး မပြီးနိုင်မစီးနိုင်နဲ့"

"သူတို့ဘက်က သူ့ညီတယောက်လုံး သေထားတာကိုး။ ဘယ်လိုလုပ်ပြီးစီးနိုင်ပါတော့မလဲ...."

"သူ့ညီကို မင်းသတ်တာမှမဟုတ်တာ Shane "

"သူက အထင်တွေလွဲနေတာလေ။ ငါသာဆိုရင်လည်း သူ့လိုပဲလုပ်မိမယ်ထင်တယ်။ မိသားစုရဲ့အငယ်ဆုံးလည်းဖြစ်ပြန်၊ လုပ်ကျွေးနေတဲ့သူလည်းဖြစ်ပြန်၊ အချစ်ဆုံးလည်းဖြစ်နေတာ။ ဒီလိုနာမည်တွေပျက်ပြီး သေသွားတော့ ငါ့ကြောင့်ဆိုပြီး ဒေါကန်နေတာ ဆန်းတော့လဲမဆန်းပါဘူး"

"အဲ့ဒီလောက် သဘောကောင်းမနေနဲ့ Shane ။ အဲ့ဒီတုန်းက အခြေအနေက ပြောင်းပြန်ဖြစ်ခဲ့ရင်လို့ မင်းတွေးကြည့်စမ်း။ Joel သာ အဲ့ဒီဂိမ်းကို အရင်မိတ်ဆက်သူဖြစ်ခဲ့ရင် ဂိမ်းကိုခိုးပါတယ်ဆိုပြီး နာမည်ကြီးမှာမင်းနော်။ အခု​လောက်ဆို ​ခေါင်းလဲဖော်နိုင်မှာမဟုတ်ဘူး။ မင်းမလုပ်ထားတဲ့ကိစ္စအတွက်နဲ့ အသက်ရန်ရှာခံရပြီး အခုထပ်ခြိမ်းချောက်ခံနေရတာတောင် မင်းဘယ်လိုအေးဆေးနေနိုင်ရတာလဲ"

"ဒါက မင်းကငါ့သူငယ်ချင်း ဖြစ်​နေတာကိုး Devin။ ကိစ္စတွေကကြာသွားလို့သာ လူတွေမေ့ကုန်တာ အခုထိလည်း ငါလုပ်ခဲ့ပါတယ်လို့ အချို့လူတွေကထင်နေဆဲပဲ။ မလုပ်ပါဘူးဆိုတဲ့ သက်သေကိုလည်း ငါတို့မှမပြနိုင်ခဲ့တာ..."

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now