Chapter - 32

7.2K 947 35
                                    

ဖွင့်ပေးလိုက်သည့် ကားတံခါးမှအသာငုံ့လျှိုးဝင်ရောက်ထိုင်လိုက်သည့် ကောင်းဆက်က မေးခွန်းတွေပြည့်နှက်နေသည့် လူတွေထံကအကြည့်တွေကြား မနေတတ်သည့်အလား ခေါင်းကိုငုံ့ထားသည်။

"ဘာပြောချင်လို့လဲ Shane?"

"ကိုယ်တို့ ဆိုင်တဆိုင်ဆိုင်မှာ ည​နေစာသွားစားရအောင်။ မင်းလဲ စိတ်​ပြေလက်ပျောက်ဖြစ်အောင်...။ မကြာပါဘူး ခဏပါပဲ.."

ညနေစာစားရန်ပြောလိုက်သည်နှင့် ကောင်းဆက်အကြည့်က လက်ပတ်နာရီထံအကြည့်ရောက်သွားသည်မို့ ငြင်းမှာစိုးပြီး ကမန်းကတန်းပြောလိုက်တော့လဲ ခေါင်းအသာညိတ်ပြလာသည်။ ထို့နောက်....

"ကုမ္ပဏီကလူတွေရှေ့မှာ ဒီလိုကြီးလုပ်လိုက်ရလား..."

"ရှက်လို့လား?"

"Shane ရဲ့သိက္ခာအတွက်ပါ။"

"လူလွတ်ခြင်းချစ်ကြိုက်တာ သိက္ခာကျစရာလိုသေးလို့လား။ အခုသူတို့မသိလဲ နောက်သိလာကြမှာပဲမို့ ထပ်ပြီးမသိုဝှက်ချင်တော့ဘူး။ ပြီးတော့ ကိုယ် ကောင်းဆက်ကိုအရမ်းတန်ဖိုးထားတယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတခုကို လူတွေ့ရှေ့မှာ ထုတ်မပြရဲစရာ အကြောင်းမှမရှိတာ။ မျက်နှာလဲ ဒီရက်ပိုင်း ​ချောင်ကျ​နေ​လိုက်တာ။ ပင်ပန်း​နေမှာ​ပေါ့..."

နားသယ်စပ်က ဆံစလေးတွေကို ဖွဖွဆွဲကာ​ပြော​တော့ ကောင်းဆက်က ရုန်းကန်ခြင်းမပြု အင်း...ဟုအသံပြုလာတော့ အစွမ်းကုန်ပြုံးမိသည်မှာ Shane ပင်ဖြစ်သည်။ အရင်ကဆို ဘာကြီးဖြစ်နေနေ အဆင်ပြေပါတယ်ဟုရေရွတ်လေ့ရှိသည့် ကပြားလေးက အခု​တော့ မိမိရှေ့မှာ အရှိကိုအရှိအတိုင်း ပြောထွက်လာလို့ပင်။

"Pookie  ဗိုက်ဆာနေတော့မှာပဲ သွားကြရအောင်..."

"ဆိုင်အကြီးကြီးမှာ မစားချင်ဘူး လေကောင်လေသန့်ရပြီး လူအများရှိမယ့် လွတ်လပ်တဲ့နေရာမှာ စားချင်တယ်။"

"ဖြစ်​စေရမှာ​ပေါ့...."

မြစ်ကမ်းကြီးရဲ့နံဘေး ဆိုင်တန်းလေးတွေဆီသို့ Shane ဦးတည်မောင်းလာခဲ့ပြီး ထောင့်ကျသည့်ချောင်လေးမှာ နေရာယူလိုက်သည်။ အလုပ်ပြန်ဝင်စားကြဟန်ရှိသည့် လူငယ်တွေ၊ မိသားစုလိုက်လာစားနေကြသူတွေ၊ Company ဝန်ထမ်းအဖွဲ့တွေနဲ့ စည်ကားနေသည့် ထိုနေရာလေးမှာ မြစ်ကမ်းနံဘေးဖြစ်​တော့ လေကောင်းလေသန့်လဲရသည်မို့ ချစ်သူစုံတွဲတွေနှင့် မိသားစုတချို့လဲရှိနေသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now