Chapter - 33

7.4K 952 72
                                    

အချိန်ကာလက ၂လနီးပါးရှိလာပြီး အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေခဲ့သည်။ Shane ရဲ့ ချစ်ရေးဆိုခြင်းကို တရားဝင်လက်ခံပြီးနောက်ရက်မှာပင် Shane ကမေမေနဲ့လာတွေ့သွားကာ စကားတချို့ပြောခဲ့ပြီး မေမေကလဲကန့်ကွက်ခြင်းမရှိ။ ရုံးမှာတော့ ​မေး​ငေါ့အပြစ်တင်ချင်သူ အနည်းအကျဉ်းရှိ​သော်လည်း Shane ကဂရုမစိုက်သလို ဒီလမ်းကိုကိုယ်တိုင်​ရွေးချယ်ခဲ့တာမို့ ​ကောင်းဆက်ကလဲ အာရုံသိပ်မထားခဲ့​ပေ။

ဒီတလော Shane လဲ အလုပ်များ​နေပြီး ကောင်းဆက်တို့မှာလဲ အပြီးသတ်ပေးရမယ့် ကိစ္စအများအပြားနဲ့ ချာချာလည်နေသည်။ ဘာမှ မပြောင်းလဲသွားဘူးလားဆိုရင်တော့ Daddy မရှိတော့တဲ့နောက်ပိုင်း အိမ်ကလေးက ခြောက်ကပ်နေတာ​တော့ အမှန်ပင်။ အိမ်ပြန်ရောက်ရင် သားအမိနှစ်ယောက် စကားပြော၊ ထမင်းစား၊ ပြီးရင် အိပ်ရာဝင် ။ ​မေ​မေကစိတ်ငြိမ်ဖို့ရာ သိုး​မွှေးသိုးပြီး ဆွယ်တာ၊ မာဖလာ၊ဦးထုပ် စသည်များကို ပြန်လည်​ရောင်းချ​နေသည်မို့ ဝငိ​ငွေလဲရ၊ တဖက်မှာလဲ စိတ်ထဲ​ ​ဖြေသာရာရ​နေခဲ့ကြသည်။

နိုရာနဲ့ Edward မှာ တနေ့တနေ့ Programming room ကို ပြေးလိုက်၊ အသစ်တခု မိတ်ဆက်မည့်ပွဲအတွက် ပြင်ဆင်လိုက်၊ report မှီအောင်တင်လိုက်နှင့် မိမိနှင့်ပင် စကားတောင် ​ကောင်းကောင်းပြောချိန်မရရှာကြ​ပေ။ နိုရာဆိုမှ မကြာခဏဆိုသလို ဖုန်း​ပြော​လေ့ရှိပြီး မျက်နှာပျက်​နေတတ်​သော အရင်နှင့်မတူ​တော့သည့် နိုရာကို ​ကောင်းဆက်သတိထား​နေမိသည်မှာလဲ ကြာ​နေခဲ့ပြီ။ ထိုအခိုက်မှာပင် နိုရာက နံ​ဘေးနား ခြေပစ်လက်ပစ်နဲ့ ပစ်ထိုင်ချလာ​တော့ အတွေးကလဲ ပြတ်တောက်သွားခဲ့ရသည်။

"ငါ သေတော့မယ်ထင်တယ် ​ကောင်းဆက်။ ကြည့်ပါဦး ငါ့ဗိုက်​လေးပိန်မသွားဘူးလားဟင်"

ဗိုက်​ကိုထိုးပြကာ သနားစရာရုပ်နဲ့​ပြောလာသည့် နိုရာ့စကား​နောက် သူ့ဗိုက်ကလိုက်လာဟန်မတူ၊ အလုပ်ပင်ပန်း​သော်လည်း အစားအ​သောက်ပိုစားလာ​တော့ နဂိုထက်ပင်ပူလာပြီး အကျီင်္ကြယ်သီး​တွေက ဟိုဘက်ဒီဘက်တင်း​နေကာ ပြုတ်ထွက်လုမတတ်မို့ ​ကောင်းဆက် ရယ်သံစွက်​နေ​သော​လေသံဖြင့်....

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now