When I fallin' in Love with You(Unicode)

24 4 4
                                    

"သား......Donghwa......ခနအောက်ထပ်ဆင်းခဲ့ပါဦး"

Donghwaတစ်ယောက်ကျောင်းကပြန်လာပြီးအခန်းအောင်းကာဂိမ်းဆော့နေရင်းAppaမှခေါ်တော့သက်ပြင်းတစ်ချက်ချပြီးလေးကန်စွာပင်အိပ်ယာထဲမှထလိုက်သည်။လက်ထဲမှဖုန်းကိုလည်းစာရေးစားပွဲပေါ်မှာတင်ကာအားသွင်းခဲ့လိုက်ပြီးအောက်ထပ်သို့ဆင်းလာလိုက်လေသည်။

အောက်ထပ်ကိုရောက်ရောက်ချင်းဧည့်ခန်းထဲကိုကြည့်လိုက်တော့မမြင်ဖူးသည့်မျက်နှာစိမ်းအမျိုးသမီးတစ်ယောက်နှင့်သူ့အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်မလို့Donghwaမျက်မှောင်ကြုတ်မိပြီးဘယ်သူများဖြစ်မလည်းလို့ခန့်မှန်းလိုက်မိသည်။

Appaနဲ့လုပ်ငန်းရှင်မိတ်ဆွေဆိုရင်လည်းCompanyမှာပဲတွေ့ရမည်မလား။ဘာလို့ဒီအမျိုးသမီးနဲ့ကောင်လေးကသူ့အိမ်ကဧည့်ခန်းထဲရောက်နေလည်းစဥ်းစားမရ။

အမျိုးသမီးရဲ့ပုံဟာလည်းရည်ရည်မွန်မွန်လေးပါပဲ။အသက်30ကျော်အရွယ်လောက်ရှိပြီထင်ရပြီးဝတ်စားထားသည်မှာလည်းသာမန်လူလတ်တန်းစားထဲကတော့မဟုတ်မှန်းသိသာပါသည်။ဘေးမှာထိုင်နေသည့်ပုပုသေးသေးကောင်လေးကိုတော့သူမစဥ်းစားတတ်။အလယ်တန်းလောက်အရွယ်သာရှိလိမ့်ဦးမည်ထင်။

"အော်...သားဒီမှာလာထိုင်ပါဦး"

Donghwaလည်းသူ့Appaပြောသလိုဆိုဖာရဲ့တစ်ဖက်ခြမ်းမှာထိုင်လိုက်တော့ကောင်လေးကသူ့အားမရဲတစ်ရဲလေးကြည့်လာသည်။ဒါပေမဲ့Donghwaရဲ့ရုပ်တည်ကိုမြင်တော့လန့်သွားသည်ထင်ပါရဲ့။မျက်နှာလေးအောက်ကိုပြန်ငုံ့သွားလေသည်။

"သား....ဒီကအန်တီက Kim Jun Myeong လို့ခေါ်တယ် ဟိုဘက်ကသူ့သား Ryu Junminတဲ့"

"ဟုတ်....."

"Jun Myeong ဒါကတော့ကိုယ့်သားလေ Yang Donghwaတဲ့ ပုံတော့မြင်ဖူးမယ်ထင်တယ်"

ထိုသို့ပြောတော့Kim Jun Myeongဆိုသည့်အမျိူးသမီးကအပြုံးပန်းလေးတစ်ခုမျက်နှာတပ်ဆင်ရင်း

"အင်း....မြင်ဖူးတယ် ဟိုတစ်ခါပြဖူးတယ်လေ အပြင်မှာသားလေးကပိုချောတာပဲနော် ဟုတ်တယ်မလားJunmin nah"

"ဗျာ....? အော်...ဟူတ်"

ထိုJunminဆိုသည့်ကောင်လေးကကြည့်ရတာသူ့အားတော်တော်ကြောက်နေပုံရပါသည်။စကားပြောတာတောင်ထစ်အထစ်အနဲ့။

When I fallin' in Love with YouWhere stories live. Discover now