မောင်(Mg)

5.2K 294 6
                                    

Uni
/

ဖုန်အလိမ်းလိမ်းထနေသောရွာလမ်းမလေးပေါ်တွင် အပြာရင့်ရောင်ထော်လာဂျီစုတ်ကြီးက တအိအိပြေးနေသည်။ ထော်လာဂျီပေါ်၌လေတိုးဒဏ်ကြောင့် ဆံပင်ပွယောင်းယောင်းဖြစ်နေသော လူငယ်နှစ်ယောက်က ခရီးသည်အဖြစ်ပါလာသည်။ ကောင်လေးတစ်ယောက်က ကျေးလက်ဒေသ၏အကြောင်းကို အာဝဇွန်းရွှင်ရွှင်ပြောနေသလောက် ကျန်ပိန်သွယ်သွယ်ကောင်လေး၏မျက်နှာကတော့ ရှစ်ခေါက်ချိုး။

ထော်လာဂျီမောင်းသည့်ဦးလေးကြီးကတော့ ရွာလမ်းဘေးရှိလယ်ကွင်းများတွင်ကောက်စိုက်နေကြသော ကောက်စိုက်သမများကိုအော်ဟစ်ကာနှုတ်ဆက်လိုက်၊ ပါးစောင်တွင်ခဲထားသောကွမ်းကိုဝါးလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။
မွန်းတည့်ခါနီးနေရောင်ခြည်အောက်တွင် ကောက်စိုက်သမများသည်လည်း ကောက်စိုက်တေးကိုတစွန်းတစဆီညည်းဆိုကြရင်း ပျော်ရွှင်စွာပင်ကောက်စိုက်နေကြသည်။ သို့တိုင်အောင် ထော်လာဂျီပေါ်တွင်စီးနင်းလိုက်ပါလာသော ကောင်လေးတစ်ဦး၏မျက်နှာကား ပြိုတော့မည့်မိုးနှယ် ညိုမှောင်လျက်။

တအိအိလိပ်အမြန်နှုန်းဖြင့်ရွေ့လျားလာသောထော်လာဂျီစုတ်ကြီးသည် ရွာထိပ်ကုက္ကိုလ်ပင်အနီးတွင် တိခနဲရပ်သွားလေသည်။ အလိုရှိရာနေရာကိုရောက်ပြီမို့ ခရီးသည်ကောင်လေးနှစ်ယောက်မှာဆင်းဖို့ပြင်ရသည်။ ကောင်လေးတစ်ယောက်ကခပ်သွက်သွက်ပင်ခုန်ဆင်းသွားသော်လည်း ကျန်ကောင်လေးမှာရပ်မြဲအတိုင်းရပ်နေဆဲ။

"လာပါ ရှောင်းရဲ့
မကြောက်ပါနဲ့ မောင်ရှိတာဘဲကို"

ထော်လာဂျီပေါ်ကဆင်းဖို့ရာ နှေးတုံ့နှေးတုံ့ဖြစ်နေသောချစ်သက်ဝေကို ဝမ်ရိပေါ်လက်ကမ်းပေးလိုက်သည်။ သို့တိုင်အောင် ချစ်သူကမလှုပ်မယှက်ရှိမြဲ။

"ဘာမှမဖြစ်ပါဘူး မောင့်ရှောင်းရယ်
မောင်ဖမ်းထားမှာပေါ့"

"ငါမဆင်းရဲဘူး...အီးဟီး
အဲ့တာတွေကြောင့် အဲ့တာတွေကြောင့်ပေါ့
ငါ မောင်နဲ့မလိုက်ချင်တာ ဝမ်ရိပေါ်အကောင်စုတ်ရဲ့ အီးဟီး..."

ထော်လာဂျီပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာ ရုတ်တရက်ငိုချလိုက်တဲ့ရှောင်းကျန့်ကြောင့် သူ့မှာပြူးပြူးပျာပျာဖြစ်သွားရသည်။ မြို့သားချောချောလေးနဲ့ဖူးစာဆုံလာတာမို့ အမိအဖများနဲ့မိတ်ဆက်ပေးရလေအောင် ရှောင်းကျန့်ကိုအိမ်ခေါ်လာဖို့စဥ်းစားရသည်။ ရွာဆီကိုလိုက်ခဲ့ဖို့ပြောတော့ ချစ်ရသူက ချက်ချင်းပင်ငြင်းဆန်သည်။ အကြောင်းပြချက်က တောဓလေ့တွေနဲ့ သူနဲ့အဆင်မပြေပါဘူးတဲ့လေ။

မောင်ကြီးခေါ်ရာအဏ္ဏဝါWhere stories live. Discover now