TSBM (Unicode)

2.9K 258 16
                                    

'That Should Be Me'

နှလုံးသားကို ဆော့ချင်လား..?
ဘဝကြီးကို ခြယ်လှယ်မလား..?

ပန်းနုရောင် စတော်ဘယ်ရီရေခဲမုန့်တွေက တစ်ယောက်သောသူရဲ့ နှုတ်ခမ်းဖျားပေါ်မှာ ကပ်တွယ်လို့ ပေကျံနေတယ်။ စိုရဲထွေးအိနေတဲ့ လျှာဖျားကလေးက နှုတ်ခမ်းလုံးပေါ်ရှိ creamတွေကို သပ်ယူလှုပ်ရှားနေပြန်တယ်။

သေးသွယ်တဲ့ မျက်ဝန်းကလေးက အံ့သြသွားဟန် ဝိုင်းစက်ပြီးမှ ယစ်မူးဟန်နဲ့ စင်းကျသွားတယ်။

ဒီအထာတွေဘဲ.. !
ဒီအပြုအမူတွေနဲ့ပဲ သူ့နှလုံးသားကို ဖမ်းချုပ်ထားလိုက်ပုံများမှာကတော့ ဟိုး..အရင့်.. အရင်တွေကတည်းက ဖြစ်တယ်။

"စားလို့ကောင်းတယ် "
"မင်းကြိုက်တဲ့ဆိုင်ကပဲလေ "

ချိုသာသာစကားရဲ့ အပြန်မှာ သူ့ရှေ့က ထိုသူဟာ ပြုံးရိပ်ကလေးတွေ သမ်းတော့မလိုလို..။

"လျှိုကျဲကျဲကို လက်ထပ်မှာလား.."

မျက်လွှာချလိုက်တဲ့ မျက်လုံးလေးမှာက မကြည်ဖြူမှုတွေ အထင်းသား။ ဆူထွက်လာတဲ့ နှုတ်ခမ်းထော်လေးမှာတော့ အလိုမကျခြင်းတွေ အများသား။

မထင်ထားမိဘူး..။
သူ့ထက် (၆)နှစ်ငယ်တဲ့ ကောင်ဆိုးလေးဆီမှာမှ သူ့ရဲ့စိတ်နဲ့ခန္ဓာကို မြှုပ်နှံမိလိမ့်မယ်လို့လေ။

"လက်ထပ်စရာလားကွာ..
ကိုယ်မှသူ့ကို မချစ်ဘဲ.. "

ဆူထော်ခဲ့တဲ့ နှုတ်ခမ်းကြွက်သားတွေက ပြေလျော့သွားပြီးနောက်မှာ ခေါင်းလုံးလေးက တဆတ်ဆတ်ညိမ့်တယ်။

ထိုသူဟာ သူ့ဆီကို စကားမဆိုတော့ပြန်..။

"ကိုယ်ချစ်တာက"
"ကျန့်ကော!! "

လျင်လျင်မြန်မြန် ထရပ်လိုက်တဲ့ ကောင်လေးက သူ့အနားကိုရောက်လာပြီး သူ့ရင်ခွင်ထဲကို တိုးဝင်ဖို့ ကြိုးစားနေတော့ ကောင်လေးစိတ်တိုင်းကျအောင် သူ့မှာရင်ခွင်ဖွင့်လို့ ကြိုလိုက်ပါသေးတယ်။ ဒီရင်ခွင်ဟာ ကောင်လေးရဲ့ အပိုင်ဖြစ်နေပြီးသားကိုး။

"ကျွန်တော့်ကို ခွံ့ကျွေးနော်.. ဟီး.."

မျက်နှာချိုသွေးနေတဲ့ကောင်လေးကို ရင်ခွင်ထဲမှာ တင်းနေအောင် ဖက်ထားလိုက်မိတယ်။ ခေါင်းစဥ်မရှိတဲ့ ဆက်ဆံရေးကြိုးစလေးကို ကောင်လေးကသာ ဖြတ်တောက်လိုက်ရင်တော့ဖြင့် သူ့မှာ ရူးသွားနိုင်လေတယ်။ ရူးသွားခဲ့ရင်တောင် ကောင်ငယ်လေးကို ဂရုမစိုက်နိုင်တော့မှာကိုပဲ စိုးရိမ်ရပါတယ်။

𝐓𝐡𝐚𝐭 𝐒𝐡𝐨𝐮𝐥𝐝 𝐁𝐞 𝐌𝐞 [ One Shot ]                          Where stories live. Discover now