ရင်ထဲကအနာ

111 5 0
                                    

ကျွန်တော် သူ့ကို ချစ်ခဲ့တာ မဟုတ်ပါဘူး။
ကျွန်တော်ချစ်ခဲ့တာတခြားကောင်မလေးပါ။ဒါပေမဲ့
အပြစ်ကင်းပြီးအေးတဲ့သူ့ကိုကျွန်တော်အခုတမ်းတနေမိပြီ။
xxxxxxx
အဲဒီဒဏ်ရာရဲ့အစကခုနှစ်တန်းကျောင်းသားဘဝပေါ့။သူမဟုတ်တဲ့ တစ်ယောက်ကို ကျွန်တော်ကြိုက်ခဲ့တယ်။ညနေကျောင်းဆင်းရင်အဲဒီကောင်မလေးနောက်ကိုလိုက်တယ်။
အဲဒီကောင်မလေးက သူငယ်ချင်းစည်းတားတော့
ကျွန်တော်လိပ်ပြာလုံချင်တာနဲ့ ပရိယာယ်မာယာများလိုက်မိတယ်။
အားလုံးရဲ့မျက်လုံးတွေကို
ကျွန်တော်မျက်လှည့်ပြလိုက်တယ်။ဒါမှကျွန်တော်ချစ်တဲ့ကောင်မလေးကကျွန်တော့်ကိုခင်မင်တာမပျက်မှာ။
ကျွန်တော့် သူ့ကိုဟန်ဆောင်ပိုးတယ်။ကြာလာတော့အားလုံးယုံသွားကြတယ်။
ကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုသဘောကျတယ်။

သူ့နာမည်ကိုပြောင်းထားချင်တယ်။ဒါပေမယ့် ထက် ဆိုတဲ့နာမည်ကိုပဲသုံးလိုက်ပါမယ်။
ထက်က အေးတယ်။ထက်ကရိုးတယ်။
အထင်ကြီးတတ်တယ်။အထူးသဖြင့်စာစီစာကုံးဆုတွေရတတ်တဲ့ကျွန်တော့်ကိုပေါ့။
စကားပြောတာမပွင့်တပွင့်။သူကျွန်တော့်ကိုခင်နေတာလား ချစ်နေလားဆိုတာကျွန်တော်မသဲကွဲဘူး။
ကျွန်တော်ကဘ၀င်မြင့်တယ်။သူ့ကိုအရေးစိုက်သလို
မစိုက်သလို အပေါ်စီးဆန်ဆန်၊ဆရာကြီးစတိုလ်နဲ့ဆက်ဆံတယ်။
သူ့သူငယ်ချင်းတွေနဲ့လည်းအဆင်ပြေတယ်။
ကျောင်းဆင်းရင်သူတို့အုပ်စုနဲ့ကျွန်တော်အတူပြန်တယ်။နောက်မှအိမ်ပြန်တာ။
အဲဒီတုန်းက ........။အဲဒီအချိန်တွေတုန်းက သူကျွန်တော့်အပေါ် အလေးထား တယ်။
အဲဒီနေ့လေးကိုနေ့စွဲမှတ်မိရင်သိပ်ကောင်းမှာပဲ။

အဲဒီနေ့က ဘောလုံးပွဲရှိတယ်။
အနီးအနားရပ်ကွက်တွေလည်းပါတယ်ဆိုတော့စည်ကားတယ်။
ကျွန်တော်ဘောလုံးပွဲလာကြည့်တော့သူနဲ့တွေ့တယ်။၀တ်စားပုံနဲ့သူ့အလှကယဉ်တာထက်တော့မပိုဘူး။လူတွေအားလုံးကဘောလုံးပွဲကိုအာရုံစိုက်နေချိန်မှာ
သူကတော့နွေးထွေးတဲ့မျက်၀န်းနဲ့ကျွန်တော့်ကိုကြည့်တယ်။
                    "ငါ့ကိုနင့်ရဲ့ဘောပင်လေး
တစ်ချောင်းလောက်လက်ဆောင်ပေးပါလားအမှတ်တရငါသိမ်းထားချင်လို့"
သူရှက်နေတယ်။မဝံ့မရဲ၊ဒါပေမယ့်လှိုက်လှဲတဲ့အသံနဲ့ပြောတယ်။
ကျွန်တော့်စိတ်ထဲမှာသူ့ကြောင့်စိတ်လှုပ်ရှားမှုကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။ဒါပေမယ့်သူ့စကားကြောင့်
ကျေနပ်မိတယ်၊အဟုတ်ကြီးဟုတ်တဲ့ငါပါလားပေါ့။
                 "အေး ကျောင်းဖွင့်ရင်ပေးမယ်လေ"
အခုအချိန်တော့ ကျွန်တော့်အတွက်သူက တစ်မဟုတ်ဘူး။တခြားနောက်ထပ်ကောင်မလေးတစ်ယောက်ကိုစိတ်၀င်စားနေလို့ပါ။
ဒါပေမယ့်သူဘာလို့အမှတ်တရလက်ဆောင်တောင်းလဲ ဆိုတာကျွန်တော်သိတယ်။
ရှစ်တန်းဆိုတဲ့အလယ်တန်းနောက်ဆုံးစာမေးပွဲကြီးနီးနေပြီလေ။
နောက် အ.ထ.က ကိုပြောင်းရင်ကွဲကုန်တော့မှာ။
အဲဒီနေ့လေးကိုကျွန်တော်ချစ်တယ်။
အဲဒီတုန်းက သူ့ကိုအရမ်းလွမ်းတယ်။
သူ့ကိုချစ်တယ်။
ကျွန်တော်မှားတယ်။အချိန်တန်ရင်သူနဲ့နီးမယ်လို့တွက်ခဲ့တယ်။ဒါပေမယ့် တန်ဖိုးမထားခဲ့၊အလေးနက်မထားခဲ့မိဘူး။
ဖြူစင်ကျော့ရှင်းတဲ့သူ့ရဲ့ သံယောဇဉ် ဟာ တန်ဖိုထားမခံခဲ့ရပါဘူး။
ဒီလိုနဲ့ အထက်တန်း ၊ နောက်တော့ အလုပ်လုပ်။
အလုပ်ကနေကိုယ့်ရပ်ကွက်ကို ကျွန်တော်ပြန်လာတော့ သတင်းဆိုးကြားရတယ်။
သူ့မှာချစ်သူရှိနေပြီ။
တစ်နေ့မှာ ကျွန်တော်အလုပ်လုပ်တဲ့ အလုပ်ရုံကို သူလာပြီး ဖိတ်စာလာပေးတယ်။
သူမင်္ဂလာဆောင်တဲ့နေ့မှာ ကျွန်တော် ဘယ်တော့မှသူနဲ့မနီးတော့ဘူးဆိုတဲ့အသိကြောင့် ငိုခဲ့ရတယ်။

အစကနေအရာအားလုံးကိုပြန်စခွင့်ရမယ်ဆိုရင်....
နောင်တမရှိဘူး
အမှားရော
၀မ်းနည်းစရာတွေရော
နာကျင်စရာတွေရော........

တို့ရေးပြီးသားတွေ ပြန်ဖျက်လို့မရ
အနာဂတ်ရော ဘယ်လိုလဲ

အတိတ်မှာပဲထားခဲ့ချင်
သံယောဇဉ်ကြောင့်ခက်ခဲ
ဘာပဲဖြစ်ဖြစ် နာတယ်....
                              ၁၂း၂၃ မနက် ၂၂ ရက် ဖေဖော်ဝါရီ ၂၀၁၄

                              ၁၂း၂၃ မနက် ၂၂ ရက် ဖေဖော်ဝါရီ ၂၀၁၄

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရင်ထဲကအနာWhere stories live. Discover now