Chapter - 34

7.6K 931 21
                                    

ဒီနေ့လဲပုံမှန်ရက်​တွေထဲက တရက်ဖြစ်လို့ Report တင်ရန် Shane ရုံးခန်းသို့ ကောင်းဆက်ထွက်လာခဲ့သည်။  အဝင်ဝအပြင်ဘက်မှာ PA အတွက် ကောင်တာသဖွယ် ထားရှိထားပြီး ယခုဆိုနောက်ထပ် ကောင်တာအသေးတခုထပ်ထားထားကာ ထိုနေရာမှာ Shane ရဲ့ Body Guard နေလေ့ရှိသည်။ အခန်းတံခါး နှစ်ချက်ဆင့်ခေါက်ကာ အတွင်းခန်းသို့ဝင်လိုက်သည်နှင့် Shane က ပြုံးပြလာပြီးနောက်...

"Report လား "

"ဟုတ်ကဲ့...."

"မေမေရော အဆင်ပြေနေရဲ့လား?"

"မေမေ့ကိုပဲမေးတယ်နော်။ ကျွန်တော်လဲ ဖခင်ဆုံးရှုံးထားရတာပါ။"

ထိုသို့ပြောတော့ Shane က ရယ်သည်။ Shane က သူ့ခုံမှာ ထိုင်ကာ လက်မှတ်ငုံ့ထိုး​နေပြီး မိမိကမူ မတ်တပ်အ​နေအထားဖြင့်ဖြစ်လို့ Shane ကို အပေါ်စီးမှမြင်နေရပြီး သိပ်ကိုစွဲလန်းရပါသော မျက်ခွံပေါ်က မှဲ့နက်ကလေးက ဟိုဟိုဒီဒီရွေ့လျားလို့နေသည်။

"Pooks မှာ အခု Pooks ​မေ​မေရယ် ကိုယ်ရယ် ရှိတယ်​လေ။ ​မေ​မေ့မှာက Pooks တစ်​ယောက်ပဲရှိ​တော့တာ။ ဘာစားခဲ့ပြီးပြီလဲ Pooks? ဒီမှာ ကိုယ်​ကော်ဖီနဲ့မုန့်ဝယ်လာခဲ့တယ်။"

"ကျွန်တော်စားခဲ့ပြီးပြီ။ "

"ကော်ဖီနဲ့မုန့်တခုကတော့ စားလို့ဝင်မှာပါ။ လာပါ "

ထပ်ခေါ်လာတော့ မငြင်းချင်တော့ Shane ရဲ့ အရှေ့ခုံမှာဝင်ထိုင်လိုက်သည်။ ဝင်ထိုင်လိုက်သည်နှင့် Shane က ကော်ဖီကို ခွက်တခွက်ထဲခွဲထည့်ပေးကာ မုန့်ဘူးလေးကိုပါ ရှေ့တိုးပေးလာသည်။ ခရင်မ်တချို့တင်ထားသော ကိတ်မုန့်အသေးလေးများဖြစ်ပြီး ဘယ်လိုခေါ်လဲတော့ ကောင်းဆက်လဲမသိပေ။

"စားလေ Pooks ဒီ ခရင်မ်ကချောင်းမဆိုးပါဘူး။"

Iဒီရက်ပိုင်း Shane လဲ ရုံးမှာမရှိတာများလို့ Report လဲထားခဲ့ရတာများတယ်။ တခုခု လွဲနေတာရှိရင်လဲ ကျွန်တော့်ကိုပြောပါ။"

"Pooks? Mr Thomas ကိစ္စက ဖြေဖျောက်ဖို့ခက်တာ ကိုယ်သိပါတယ်။ ဒါပေမယ့် ကံကြမ္မာဆိုတာရှိသေးတယ် မဟုတ်လား။ ဒါကို ကိုယ်တို့လွန်ဆန်လို့မရဘူးလေ။ ကိုယ်က ကောင်းဆက်ကို နောင်တတွေနဲ့မနေစေချင်ဘူး။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now