Chapter - 35

7K 863 78
                                    

"ရေသောက်လိုက်...."

Shane ကမ်းပေးလာသည့် ဖန်ခွက်ထဲကရေတချို့က လည်ချောင်းထဲဆင်းသွားပြီးနောက် စိတ်ထဲအတော်လေးအဆင်ပြေလာပေမယ့် ကလေးရဲ့ကံကြမ္မာကတော့ အာရုံထဲကကွယ်ပျောက်မသွားသေး။ မျက်လုံးအကြည့်အရွှေ့မှာ သေသေချာချာစိုက်ကြည့်နေသည့် Shane ရဲ့အကြည့်နှင့်ဆုံသည်မို့ အသာပြုံးပြလိုက်သည်။

"ကျွန်တော်အဆင်ပြေသွားပါပြီ Shane။ "

"သေချာလို့လား? ကိုယ် Devin ကို ခေါ်ပေးမယ်လေ။ ဒါမှမဟုတ် ကောင်းဆက်ပြန်နားချင်လား။ ကိုယ်ဘာလုပ်ပေးရမလဲ ဟင်.....Pooks"

"အဆင်ပြေပါတယ်လို့ ကျွန်တော်ပြောနေတယ်လေ။ အခုတလော ဘာဖြစ်လို့ အထူးဆန်းတွေပြောပြီး ထူးထူးဆန်းဆန်းတွေပြုမူနေတာလဲ Shane ။ တတိယအကြိမ်မြောက် ကြုံရမယ်ဆိုလည်း ဘာဖြစ်လဲ ပြေးတွေ့လိုက်ရုံပဲပေါ့။ ကျွန်တော်အသက်ရှည်ဦးမှာပါ မပူနဲ့။ Shane ထက်အရင် ကျွန်​တော်ထွက်သွားရမှာ မဟုတ်လို့ မပူပန်ပါနဲ့။ Shane ကို စိတ်မသက်မသာနဲ့မမြင်ချင်ဘူး။"

"ကိုယ်ကမင်းကိုစိတ်ပူတယ်လေ ပြီးတော့ ချစ်လဲချစ်တယ်လေ။"

မျက်လုံးလေးမှိတ်ကာ နားသယ်စပ်နား တိုးကပ်ကာပြောလာသည့် Shane ရဲ့ စကားသံက တိုးညှင်းသော်လည်း ကောင်းဆက်တစ်ကိုယ်လုံးကိုတော့ ရှိန်းခနဲ ဖြစ်သွားစေသည်။ Shane ရဲ့ပါးပြင်ကို အသာအယာကိုင်ထားပြီးနောက်...

"တနေ့တနေ့ ကျွန်တော်အိမ်ပြန်တိုင်း လိုက်ကြည့်နေရတာ မပင်ပန်းဘူးလား"

မျက်ခုံးတွေပင့်တက်သွားသည့် Shane က သူ့ပါးပြင်ပေါ်က မိမိလက်ပေါ် ထပ်အုပ်ကိုင်လာပြီး မျက်ခွံလေးကို တချက်နမ်းလာသည်။

"အဲ့ဒါကို ဘယ်လိုသိနေတာလဲ"

"နေ့တိုင်းကား အမည်းတစီးက ခပ်ခွာခွာလိုက်နေမှတော့ကျွန်တော်သတိထားမိပြီပေါ့။ ပြီးတော့ ကားနံပါတ်ကို ကျွန်တော်မှတ်မိနေတဲ့ဟာ။ လာမယ့်ဘေး ​ပြေးတွေ့လိုက်ရအောင်လေ တကယ်လို့ Shane က ကျွန်တော့်ကို သုံးကြိမ်မြောက် မကယ်နိုင်ခဲ့ဖူးဆိုရင်လည်း ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါ ကျွန်တော့်ရဲ့ ကံကြမ္မာပဲလေ မဟုတ်ဘူးလား"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now