သမားအကျော်လူမော် နှင့် သခွားသီးပြဿနာ

18.9K 41 0
                                    

သမားတော်သမားကျော်များ ပေါများလှပြီး အထူးကုဆေးခန်း၊ အထူးကုဆေးရုံများ မိုးဦးကျမှာ မှိုပေါက်သကဲ့သို့ ပွစိတက် များပြားလှစွာသော ရန်ကုန်မြို့ကြီးထဲတွင် ကျွန်ုပ်ဒေါက်တာလူမော်၏ ဗီးနပ်စ်အထူးကုဆေးခန်းမှာ အဆင့်တစ်ခု၌ ထိုက်ထိုက်တန်တန် ရပ်တည်၍ နေပါလေသည် ။

ယိုးဒယားမှ လိင်နှင့်အလှအပရေးရာ ခွဲစိတ်ပညာမဟာဘွဲ့ (MSc in Asthetic and Genito-sexual Surgery) နှင့် နိပွန်မှ နှာဘူးစိတ်ပညာ ဘွဲ့လွန်ဒီဂရီ (Dip.Sexual Psychiatry) တို့ကို အဆင့်မြင့်စွာ အောင်မြင်ရရှိပြီး သကာလ ဘိလပ်မှ တော်ဝင်လိင်ပိုင်းဆိုင်ရာသမားတော်ကြီး (MRCPS) ဆိုပြီး အီဒင်ဘာရာကောလိပ် မန်ဘာဝင် အဖြစ်ပါ ချီးမြှောက်ခြင်း ခံရလေသောအခါ ကျွန်ုပ်မှာ မြန်မာပြည်ဆေးလောက၏ ကဝိတဆူ ဖြစ်လာပါတော့သည် ။ အထူးသဖြင့် ကာလသားရောဂါအထူးကု ၊ ပန်းသေပန်းညှိုးအထူးကု စသည်ဖြင့် ရှိကြသော်လည်း လိင်ပိုင်းဆိုင်ရာ ဆေးပညာတခုလုံးကို ခြုံငုံပြီး ကျွမ်းကျင်ပိုင်နိုင်သူ မရှိသည့် မြန်မာပြည်ဆေးလောကတွင် လူမော်ဟူသည် ပြိုင်စံရှားတဲ့ နှာဘူးစပယ်ရှယ်လစ်ကြီး အဖြစ် အောင်မြင်ကျော်ကြား လူသိများလှပါတယ် ။

တနေ့တ၌ ကျွနု်ပ်မှာ အေးစက်စက်ရှိလှသော စမ်းသပ်ခန်းထဲရှိ အလုပ်စားပွဲတွင် ထိုင်လျက် Sexual Desire Disorders စာအုပ်အား ဖင်ပြန်ခေါင်းပြန် လှန်ပြီးလျှင် အချိန်ဖြုန်းနေလေသည် ။ မနက်ပိုင်း လူနာကြည့်ချိန်ပြီးလို့ နေ့လည်ကာလ ဤအချိန်မျိုးတွင် ခွဲစိတ်ခန်း ဝင်စရာ မရှိပါက ကျွနု်ပ်သည် ပရော်ဖက်နယ်ရှယ်ပိုင်းဆိုင်ရာ တိုးတက်ရာ တိုးတက်ကြောင်းအတွက် စာဖတ်၍သော်လည်းကောင်း ၊ အင်တာနက်မှတဆင့် New England Journal of Sexual Health အစရှိသော ပညာရပ်ပိုင်းဆိုင်ရာ ဂျာနယ်များ၊ ဂိုက်လိုင်းအသစ်များ ၊ နောက်ဆုံးပေါ်ကုထုံးနည်း များကို ရှာဖွေလေ့လာလျက်သော် လည်းကောင်း ဖြတ်သန်းကုန်ဆုံးလေ့ ရှိသည် ။ ယနေ့တွင်လည်း ဘုတ်အုပ်ဖတ်နေရင်း ကြက်ဆီထမင်းနှစ်ပွဲခန့် အုပ်ထားသဖြင့် အကြောအချဉ်များ လေးလံလှသောကြောင့် လက်စွဲတော်လေးများ ဖြစ်သော ဇူးဇူး၊ ဖူးဖူး၊ ဂူးဂူး တယောက်ယောက်ကို ဇက်ကြောလေး ဆွဲခိုင်းလိုက်အုံးမှပဲဟု အတွေးပေါ်လာခိုက် အရေးပေါ် အရော်ပေး လူနာတစ်ဦး ရောက်လာလေသည် ။ ကျွနု်ပ် အထူးပြုသော ဘာသာရပ်မှာ အရေးပေါ်ဟူသည် ရှားပါးလေရာ ရက်အတန်ကြာလို့ တစ်ကေ့စ် တွေ့ရခဲလှ၏ ။

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now