လက်သမား ဦးကျော်လွင်

35.6K 281 2
                                    

" ဟေး မောင်တေဇ ငါ့တူကြီး " သူ့နာမည်ကို ခေါ်သံကြားတာကြောင့် တေဇ ‌မျက်စိကစားကာ ကြည့်လိုက်တော့ ထောင်ထောင်မောင်းမောင်း ဦး‌ေလးကြီးက သူ့နာမည်ကို ခေါ်နေတာတွေ့ရသည်။

တေဇ ကားဂိတ်မှာ ယောင်လည်လည်ဖြစ်နေတုန်း ရွာက ဦးလေးကို တွေ့လိုက်သည်။

"ဦးခင်ထွေး လာကြိုတာလား ? အမေက လာမကြိုဘူးလား ?" တေဇက မြိုမှာ ကျောင်းတက်ပီး ကျောင်းပိတ်တုန်း ရွာပြန်လာတာ ဖြစ်သည်။
လာကြိုတဲ့ဦးလေးကြီးက တေဇတို့လယ်တော ဘေးလယ်တောက ဦးခင်ထွေးဖြစ်သည် ။

"မင့်အမေက ဒီနေ့ စပါးစရိတ်တော့ မအားဘူး၊ငါလည်း စက်ပစ္စည်းဝယ်စရာရှိလို့ လာဝယ်ရင်း လမ်းကြုံမင်းကို လာကြိုတာ၊ ကဲတက် " ဦးခင်ထွေးက ပစ္စည်းများကို သုံးဘီးကားပေါ် တင်လိုက်သည်။

ဦးခင်ထွေးက အသားညိုညို၊ ဗလထောင်ထောင် မောင်းမောင်း မုတ်ဆိတ်ကျိုးတိုးကျဲတဲနဲ့ လယ်သမားကြိး ဖြစ်သည်။ တေဇမှာ ပါလာတဲ့ အိတ်တေအကုန်လုံးကို လက်တစ်ဖက်တည်းနဲ့ မ,သွားတာကိုပဲ ကြည့်လေ။

တေဇက သုံးဘီးနောက်တွင် ဝင်ထိုင်ပီး ဦးခင်ထွေးနဲ့ စကားပြောလာသည်။

ဦးခင်ထွေးက သူ့မိဘတေနဲ့ အသက်သိပ်မကွာပေ။ တေဇအဖေက အစိုးရဝန်ထမ်းဆိုတော့ တခြားနယ်တေကို သွားနေရတာနဲ့ အိမ်မှာ သိပ်မရှိ‌။ အဲတော့ တေဇက ငယ်ငယ်ထဲက ဦးခင်ထွေး ထိန်းရင်း ကြီးလာသည်ဆိုတော့ သိပ်မမှား။

"ကိုခင်ထွေး ညစာဟင်း ယူသွားပါ၊ သားငယ် ပြန်လာမယ်ဆိုတော့ ဟင်းအကောင်းချက်ထားတယ်။"

"အဲဝာဆိုလည်း ကျုပ် ယူသွားမယ် မမြင့်ရေ "

တေဇလည်း ရွာပြန်ရောက်တော့ ရွာရိုးကိုးပေါက် သွားနေရင်း

" မောင်တေဇ လမ်းကြုံတုန်းကွာ ဦးခင်ထွေးဆီ ဒီ‌ေပါင်းသတ်‌ေဆးတွေ ယူသွားပေဦးကွာ "
ရွာမှာ အပင်‌ေဆးတွေ ရောင်းတဲ့ ဦးဆန်းလင်းက ပြောတော့ တေဇလည်း ယူလာပေးရသည်။

သို့ပေမဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် တေဇလည်း ချက်ချင်းမသွားပေးဖြစ်။ ယာချင်းကပ်ရက်ဆိုတော့ ညကျမှ သွားပေးမယ်ဆိုပီး ထားလိုက်သည်။

✧ လယ်တောထဲမှာ အဖြေရှာ ✧Where stories live. Discover now