(၁)အတိတ်ကို တူးဖော်ရှာဖွေခြင်း

16 0 0
                                    


"မ မြတ်နိုးရပါသော လရောင်ငယ်"
----------------------------------

အပိုင်း(၁)
------------
အတိတ်ကို တူးဖော်ရှာဖွေခြင်း
-----------------------------

နှလုံးသားလေးက အပြင်ပန်းက ကြည့်ရင်ဖြင့်
ကျောက်သားအတိ မာကျောလို့နေပါတယ်
မာနသရဖူကို ထိပ်မှာဆောင်းပြီး
သူမ ရာဇ၀င်မှာတော့ သနားညှာတာမှုပန်းတွေ
မပွင့်တော့တာ ကာလရှည်ကြာ ကြာခဲ့ပါပြီ

အချစ်ဆိုတာ ဘာလဲလို့မေးရင် ဖြေစရာအတိမရှိခဲ့ပါ
သူမ မေ့လျော့နေတဲ့ သူမ မသိစိတ်က ဇာတ်လမ်းလေးတော့
နာကျင်ဖွယ်ရှိနေပါတယ်

တစ်နေ့တော့ ကော်ဖီဆိုင်မှာ ထိုင်နေရင်း
သူမအတွေးတွေ လေလိုရာရက်လွင့်ပြီး
မျက်ရည်တွေကျလာခဲ့ပါတယ်

"မောင်"

နှလုံးသားလေး အနက်ရှိုင်းဆုံးမှာ ထွင်းထားခဲ့တဲ့ စကားလေးတစ်လုံး
၃နှစ်လောက်မေ့ထားခဲ့တဲ့ ချိုမြိန်ခြင်းလေးတွေ
ပြန်ရှာတွေ့ခဲ့ပြီ

ရင်နာစရာလေးမို့ ပြောမထွက်ခဲ့
အထင်လွဲခဲ့ပေမယ့် ရှင်းပြမဲ့သူမရှိခဲ့
မျက်ရည်ကျခဲ့ပေမယ့် သုတ်ပေးမယ့်သူမရှိခဲ့
အထီးကျန်ခဲ့ပေမယ့် နှစ်သိမ့်ပေးမဲ့သူမရှိခဲ့
တစ်ကိုယ်ထဲ ကျော်ဖြတ်ခဲ့တဲ့အတိတ်တွေအတွက်
သူရဲကောင်းဟာ ကိုယ်တိုင်ကလွဲ တခြားမရှိ

ကမ္ဘာပေါ်က ကျွန်မအမုန်းဆုံး လူသားဟာ မောင်
အချစ်ဆုံးဟာလည်း မောင်
ပါးပေါ်ကို ကျလာတဲ့ မျက်ဝန်းတွေက နာကျင်မှုတွေဟာ မောင်
တွေးမိတိုင်း ဆတ်ဆတ်ခါအောင် မုန်းတယ်
ခင်ဗျားမရှိဘဲ အသက်ရှင်ခဲ့ရတဲ့နေ့တွေဟာ
ထင်သလောက် မလွယ်ဘူး
အရူးလိုညတွေအတွက် ခင်ဗျားစကားတစ်ခွန်းလောက်ပဲဖြစ်ဖြစ်
ပြောခဲ့မယ်ဆို ဒီလောက်မုန်းမိမယ် မထင်ဘူး မောင်

ML."ဟဲ့ ရှင်ယွန်း"
သူမ သူငယ်ချင်း မြတ်လေး၏အသံဖြစ်သည်
ရုတ်တရက် ဖြစ်သောကြောင့် လန့်သွားတာတော့ အမှန်ပင်

ML."ဟယ် နင်...နင်ငိုနေတယ်"
မြတ်လေး၏စကားကြောင့် သတိကပ်သွားသည်
ကျလာတဲ့ မျက်ရည်တွေကို ရှက်ရမ်းရမ်းပြီးသုတ်လိုက်သည်

မြတ်လေးအတွက်တော့ ထူးဆန်းတာ အမှန်ပင်
ရှင်ယွန်းနှင့်မြတ်လေး ပေါင်းလာတဲ့ ၁နှစ်အတွင်း
ရှင်ယွန်းစိတ်ယိမ်းယိုင်တာတောင် တစ်ခါမှမတွေ့ဖူးခဲ့
ခု မျက်ရည်ကျတယ် ဆိုတာတော့ ထူးဆန်းနေသည်

သူမ ဘာမှဆက်မပြောဘဲ ကော်ဖီကိုသာဆက်သောက်နေခဲ့သည်

ထိုစဉ် ရုတ်တရက် ရင်းနှီးသောမျက်နှာတစ်ခုတွေ့လိုက်ရသည်
သူမရဲ့ တိတ်ဆိတ်နေတဲ့ ရင်ခုန်သံတွေ တဖန်အသက်ဝင်လာသည်
ဘယ်ဘက်ရင်ဘက်က ခုန်နှုန်းမြန်တဲ့ နှလုံးသားကြောင့်
တကိုယ်လုံးက သွေးတွေ ဆူပွက်သွားသည်
မခေါ်တာကြာပြီဖြစ်ပေမဲ့ နှုတ်ကထွက်၍ တိုးတိုးလေးခေါ်မိသွားသည်

XY."မောင်....."

အပိုင်း(၂)ဆက်ရန်.....

"မ  မြတ်နိုးရပါသော လရောင်ငယ်"Where stories live. Discover now