နှလုံးသားလောင်းကြေး

50 6 0
                                    

"လမ်းခွဲရအောင်"

ဒီစကားကို သုံးကြိမ်မြောက်ကြားခဲ့ရတဲ့အခါ ကျွန်တော်မဖြုံတော့ပါ။ ရှေ့နှစ်ခါတုန်းကလည်း ကြားရတဲ့အချိန် တုန်လှူပ်မနေခဲ့ပါ။ ဘာလို့ဆို ဘယ်အချိန်အတိအကျမှာ လမ်းခွဲစကားပြောမယ်ဆိုတာကို ကြိုသိနေခဲ့၍။ 

ကျွန်တော်သူ့ကိုချစ်တယ်။ သူကတော့ မြင်မြင်ချင်းချစ်တယ်ထင်ပြီး ကျွန်တော့်အချစ်ကိုပေါ့ပေါ့လေးတွေးတယ်။ လူတွေရဲ့အမြင်မှာတော့ အချေပုံပေါက်တဲ့ကျွန်တော်ကသူနဲ့ကျ လွယ်သွားတဲ့အခါ ကွယ်ရာမှာလှောင်ခံရတယ်။ သူကိုယ်တိုင်ကလှောင်တာ။

"အင်း ကောင်းပါပြီ"

ဒီစကားလေးမထွက်ခင်မှာကို နောက်ဆုံးအထိ ကျွန်တော်အများကြီး သူ့အတွက်စဥ်းစားပေးမိနေဆဲပါပဲ။ ကျွန်တော်ကအရင်စချစ်ခဲ့တာပေမယ့် ချစ်သူရည်းစားတွေဖြစ်လာတာတော့ သူကအရင်စလိုက်ခဲ့လို့ပါ။

ဘယ်လိုတွဲဖြစ်သွားလဲမေးရင် ရယ်စရာတော့ကောင်းတယ်။ သူကသူဌေးသား။ တအားချမ်းသာတယ်။
စားရတဲ့ကလေးပိုငတ်တယ်ဆိုသလိုပဲ သူကလက်သိပ်ဖွာတော့ အိမ်ကပေးနေတာထက်သူ့မှာငွေပိုကုန်တယ်။ လူတကာထက်ငွေပိုရှိပေမယ့် လူတကာထက်ငွေပိုလိုနေခဲ့တယ်။ အဲ့တော့သူပိုက်ဆံရဖို့အတွက်နဲ့ ကျွန်တော့်နှလုံးသားကို ​အလောင်းအစားလုပ်ခဲ့တယ်။ သူ့သူငယ်ချင်းတွေက ကျွန်တော့်ဆီကချစ်တယ်အဖြေပြန်ရရင် လောင်းကြေးဘယ်လောက်ပေါ့။
ကျွန်တော် နောက်မှသိရတာက ဆယ်သိန်းတဲ့။

အဟက် ဆယ်သိန်းပဲတန်တဲ့ နှလုံးသားလေးပေါ့။

အဲ့ဒီ့အလောင်းအစားကြောင့်ပဲ သူ ကျွန်တော့်ကိုစသိပြီး စလိုက်ခဲ့တာ။ ကျွန်တော်ကသူ့ကိုအရင်ကတည်းကသိခဲ့တာဖြစ်ပြီး သူ့ဆီကမမျှော်လင့်ထားတဲ့ ချစ်တယ်ဆိုတဲ့စကားပြောလာချိန်မှာ ကျွန်တော်နှစ်ခါမတွေဝေခဲ့ပဲ အဖြေကအဆင်သင့်​ရှိနေခဲ့ပါတယ်။ သူအလောင်းအစားနိုင်သွားမှာကိူကြောက်တဲ့ သူ့သူငယ်ချင်းတွေက ကျွန်တော့်ကိုအလောင်းအစားအကြောင်း တိတ်တိတ်လေး လာပြောပြတဲ့အခါ ကျွန်တော် တော်တော်ကိုနာကျင်သွားရတယ်။ နှလုံးသားတစ်ခုလုံးမှ စူးနစ်နေတာပါပဲ။ မလိမ်တမ်းပြောရရင် ကျွန်တော်ရှိုက်ကြီးတငင်ငိုခဲ့မိတာ။
အလောင်းအစားကာလက ဘယ်လောက်လဲမေးတော့ သုံးလတဲ့။

နှလုံးသားလောင်းကြေးWhere stories live. Discover now