Chapter - 36

7.2K 908 47
                                    

မိမိလက်ထဲမှာရှိနေသည့် ကောင်းဆက်က Kelvin ဆွဲလိုက်မှုကြောင့် စွေ့ခနဲပါသွားသည့်အပြင် ကောင်းဆက်အား လက်သီးဖြင့်ပိတ်ထိုးလိုက်သော Kelvin ။ ရုတ်တရက်ဆန်လွန်းတာ​ကြောင့် Shane တားချိန်မရလိုက်​ပေ။

"ခင်ဗျားဘာလုပ်တာလဲ!!"

နိုရာကပြန်အော်ကာ Kelvin ရဲ့ လက်ကိုပုတ်ထုတ်၍ ရှေ့တိုးလာသည်မို့ နိုရာ့ကို Shane ဆွဲလိုက်ကာ ထပ်မံထိုးကြိတ်ရန် ရွယ်နေသည့် Kelvin ကို ဟန့်သည့်သဘောဖြင့်

"Kelvin.."

ဟု ဆိုလိုက်သော်လည်း ဒေါသအရမ်းထွက်နေသည့် Kelvin က ကြားဟန်မတူ၊ ကောင်းဆက်ရဲ့ ပခုံးတဖက်ကိုဆောင့်တွန်းကာ အကျီကော်လံစမှ ဆုပ်ကိုင်ထားသည်။

"မင်း ငါ့သမီးကိုပြန်ပေးဆွဲတဲ့သူတွေနဲ့ ဘာပတ်သတ်လဲ"

"ကျွန်တော်က ဘာပတ်သတ်ရမှာလဲ"

"မပတ်သတ်ရင် မင်းဒီနေရာကို ဘယ်လိုသိနေတာလဲ? ငါ့သမီးဒီမှာဆိုတာ မင်းဘယ်လိုသိနေတာလဲ! ​ပြော....ပြောစမ်း!!!!"

ကောင်းဆက်ကတော့ ဘာတခွန်းမှမပြောသလောက် Kelvin ကတော့ ရှူးရှူးရှားရှားဖြစ်နေပြီမို့ Kelvin ကို ပြေရာပြေကြောင်းအနေဖြင့် ဝင်ထိန်းရန် Shane ကြိုးစားလိုက်သည်။

"အဲ့ဒီလူတွေနဲ့ သူနဲ့ ဘာမှမပတ်သတ်ဘူး။ အဲ့ဒီလိုမလုပ်ပါနဲ့"

"မပတ်သတ်ဘူး ဟုတ်လား။ ဒါဆို မင်းဖြေကြည့် Shane  ဒီကောင်က ဒီနေရာကိုဘယ်လိုသိပြီး ငါတို့ကို ​ခေါ်လာနိုင်ရတာလဲ။ တချက်က​လေးမှတောင် မတုံ့ဆိုင်းပဲ အတိအကျသိထားသူလို တန်းလာခဲ့တာ။ ကောင်းဆက်ဂျေဒင်!! ငါမေးတာဖြေ ။ မင်း ဘယ်လိုသိတာလဲ ကျန်တာသည်းခံနိုင်ပေမယ့် ငါ့သမီးနဲ့ ပတ်သတ်လို့တော့မရဘူး ။ ငါကောင်းကောင်းမေးတုန်းဖြေနော် ဖြေလေ ဟေ့ကောင်!!"

တခွန်းမှပြန်မပြောပဲ မထုံတတ်​တေး လုပ်နေတဲ့ ​ကောင်းဆက်နဲ့ လူသတ်​တော့မတတ် ​ပေါက်ကွဲနေသည့် Kelvin ကြား ကျန်လူတွေမှာလဲ ဘာဝင်ပြောရမယ်မှန်း မသိစွာ ရပ်ကြည့်နေကြသည်။ Shane ကတော့ ကောင်းဆက်အကျီစကို ဆွဲထားဆဲ Kelvin လက်တွေကို ဆွဲဖြုတ်ကာ...

"Kelvin မင်းသူ့ကိုလွှတ်လိုက် ငါပြောပြမယ်။ ဘာကြောင့် သူသိနေတယ်ဆိုတာ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now