Chapter - 37

6.7K 872 19
                                    

Shane ပေးလိုက်သည့် စောင်လေးပိုက်ကာ အပြင်ပြန်ထွက်လာပြီး နိုရာကိုလှမ်းပေးတော့ လှမ်းတော့ယူပေမယ့် အထက်အောက်စုန်ဆန်အကြည့်တွေကြောင့်...

"ဘာလဲ...."

ဟုမလုံမလဲမေးမိတော့ နိုရာက ဟက်ခနဲရယ်သည်။ ထို့နောက် ပခုံးတွန့်ပြကာ..

"ငါ့သူငယ်ချင်း ဘယ်နားပဲ့ပါသွားပြီလဲကြည့်နေတာ။ ဘာလို့ကြာနေတာလဲ Shane နဲ့ဘာလုပ်နေလို့လဲ။"

"စောင်သွားယူတာလေ ဘာသွားလုပ်ရမလဲ။ "

"စောင်သွားယူတာကြာတယ်နော် သေချာခေါက်နေရလို့လား။ ငါ့လာမလိမ်နဲ့ ထွက်လာကတည်းက မျက်နှာက ပလဲနေတာပဲ။ "

လူကြီးရှယ်တော့ရယ်ဆိုသလို ကောင်းဆက်မှာ တဟဲဟဲရယ်ရင်း နိုရာ့ဘေးမှာဝင်ထိုင်ကာ Channel တခုကိုဖွင့်လိုက်တော့သည်။ ထမင်းစားပြီး ဗိုက်လေးလို့ပဲလား ရုပ်ရှင်ကြည့်ရင်း မျက်စိလေးလာလားလို့တော့ မသေချာ အိပ်ချင်စိတ်ကကြီးစိုးလာတော့...

"နိုရာ"

"အင်း...."

"ငါအိပ်တော့မယ် မင်းဆက်ကြည့်ဦးမှာမဟုတ်လား"

"မနက် ၄နာရီရှိနေပြီလေ အိပ်ဦးမလို့လား "

"ဆိုဖာပေါ်မှာ ခဏအိပ်မှာပါ။ Shane နိုးလာရင် ငါ့ကိုနှိုးနော်။ အိမ်ရှင်နိုးတာ​​တောင် ဧည့်သည် မနိုးရင် ဘယ်ကောင်းပါ့မလဲ"

"အေးပါ "

ကောင်းဆက်အိပ်သွားပြီး​နောက်ပိုင်း နိုရာ ဆက်ကြည့်နေခိုက်မှာပင် ရှိုက်သံလိုလို ညည်းသံလိုလိုကြောင့် လက်ထဲက မုန့်ထုတ်ပင်ပြုတ်ကျကာ ဆတ်ခနဲထရပ်မိသည့်အထိ။

"ကောင်း....ကောင်းဆက်..."

အလန့်လန့်အဖျန့်ဖျန့်နှင့် ကောင်းဆက်ကိုလှုပ်နှိုးဖို့ ပြင်တော့မှ ထိုအသံတွေက ​ကောင်းဆက်ထံမှ လာနေကြောင်းသတိပြုမိ​တော့သည်။

"ယောင်နေတာလား ကောင်းဆက်?"

ခေါင်းကိုဘယ်ညာခါယမ်းကာ ဟင့်အင်းဆိုတဲ့စကားနဲ့ Shane နာမည်ကို ထပ်ခါထပ်ခါရေရွတ်ကာ မလုပ်နဲ့ဟုလည်း တစုံတယောက်ကို တားနေသလိုလို။ နင့်နေအောင် ထွက်နေသည့် ​ချွေးတွေကမြင်မကောင်းအောင် စိုရွှဲလာတော့ နိုရာမနေနိုင်တော့ပေ။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now