Part - 7 (Unicode)

14.1K 1.4K 183
                                    



"ဆရာ ... ဆရာလေး"

ညဉ့်သုံးယံ၏ နောက်ဆုံးသောအပိုင်းအခြားဖြစ်သည့် မိုးသောက်ယံအချိန်တွင် ကြားလိုက်ရသော လူတစ်ယောက်အသံ။ စားပွဲခုံလေးပေါ် ခေါင်းမှောက်အိပ်နေသော ဘုန်းလျှံတစ်ယောက် လန့်ဖျတ်သွားရသည်။

"ဟင် ... ဗျာ"

"သားအဖေ သွေးတွေအန်နေလို့ ... လုပ်ပါဦး၊ လိုက်ကြည့်ပေးပါဦးဗျာ"

"ဟုတ်လား လာမယ်၊ လာမယ်"

ခဏမှေးနေချိန် ငေါက်ခနဲထရပ်လိုက်တာမို့ ဘုန်းလျှံခေါင်းထဲ မူးဝေသွားသည်။ သို့သော် သတိမပျက်စေရ၊ မနေ့ညနေကမှရောက်လာသည့် Alcoholic လူနာဆီလိုက်ဖို့ပြင်ရမည်။ ဒါမို့တစ်ဆက်တည်းပဲ သွေးအန်သက်သာစေဖို့ လိုအပ်တာတွေနှင့် Azeptil ပါတစ်ခါတည်း စုပ်ယူလိုက်သည်။

ဘုန်းလျှံမောင် လူနာဆီရောက်တော့ဖြင့် PG ကျဲကျဲပါ ရောက်နေပြီ။ ၁၃နှစ်သာသာလောက် ရှိဦးမည့်ကောင်လေးက သူ့တင်မက ကျဲကျဲကိုပါ ထပ်ခေါ်သွားပုံရ၏။ လူနာဆိုတာလည်း ၄ပေမီးချောင်း၏ အလင်းရောင်အောက်တွင် သွေးတွေအန်ထားလိုက်တာ ထွေးခံသုံးလုံးတောင် မလောက်ငှချင်တော့။ ခြုံစောင်ကြီးလည်း သွေးစသွေးနတွေပေကျံနေတာ အရှင်းသားမြင်နေရသည်။

"အေး ဘုန်းလျှံအတော်ပဲ၊ ကျဲကျဲကို လာကူဦး"

"ဟုတ်"

စာတော်ရုံမက လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည့် အခြေအနေကိုပါ ကျဲကျဲက ကြည့်ထိန်းပေးနိုင်သည်။ ခဏကြာတော့ AS အစ်ကိုရန်ပိုင်လည်း‌ ဘယ်ကဘယ်လိုကြားသည်မသိ။ သူလိုအလုပ်သင်ဆရာဝန်ပဲဖြစ်သည့် မေသစ္စာနှင့်အတူ လာကူပါသည်။

လူခြေတိတ်ချိန်မှ Shock ဝင်နေသည့်လူနာဦးလေးကြီးမှာ ထိုးအန်နေလိုက်တာ တဝေါ့ဝေါ့ပါပဲ။ နီညိုရောင်သွေးတွေက လူနာ၏ပါးစပ်ကသာမက နှာခေါင်းပေါက်ကပါ အရှိန်လွန်ပြီး စီးကျလာသည်။ ဘေးရှိလူကုန် ပျာယာခတ်ကုန်ကြတာ သူဆိုလျှင်ခြေမကိုင်မိ၊ လက်မကိုင်မိ။ ကျဲကျဲတို့ခိုင်းသမျှ လုပ်နေရလို့သာ တော်သေးသည်။ ကိုယ်တစ်ယောက်တည်းသာဆို အတွေ့အကြုံမရှိတာနှင့် လွယ်လှမှမဟုတ်ပေ။

သင်္ကြန်မောင်Where stories live. Discover now