Chapter - 38

6.6K 845 33
                                    

"နောက်တပတ်ထဲ ဂိမ်းအသစ်မိတ်ဆက်ပွဲရှိတယ်။ လူငယ်လေးတွေ အလုပ်အခွင့်အရေးရအောင် Testing ကို အချိန်ပိုင်း လာဆင်းေ​ပးလို့ရအောင် ဖွင့်မယ့် ရုံးခွဲတခုလည်းအခုလုပ်နေပြီ"

"ဟုတ်လား Shane ရုံးခွဲအကြောင်းမကြားလိုက်မိဘူး။ ပွဲရှိတာတော့သိတယ် နိုရာ​ပြောလို့"

"ရုံးခွဲဆိုတာထက် ဂိမ်းဆိုင်တွေလိုမျိုးပါပဲ အကြီးကြီးမဟုတ်ဘူး။ အဲ့ဒီနေရာက နဂိုကတည်းက ဆိုင်ဖွင့်တဲ့နေရာဆိုတော့ အဲ့ဒီဆိုင်ခန်းကို ပြန်ယူလိုက်တဲ့သဘောပါ။ ဂိမ်းစက်တွေဝယ်ပြီး အဲ့ဒီနေရာမှာ ဆင်လိုက်ရင်ပြီးပြီ။ ကိုယ် ဟိုတလောက အလုပ်ရှုပ်နေတာ အဲ့ဒီမှာ ပြင်ဆင်နေလို့"

"............"

"ဒါနဲ့ တကယ်ရောအဆင်ပြေရဲ့လား ကောင်းဆက်"

"အဆင်ပြေပါတယ်။ ကလေးမလေးကိစ္စနဲ့ နည်းနည်းတွေးရတာ များသွားလို့နေမှာပါ"

"တကယ်တော့လေ ကောင်းဆက်သိရဲ့လား။ ကိုယ်က​လေ ကိုယ် တခုခုမေးတိုင်း အဆင်ပြေပါတယ်လို့ မင်း သုံးရင် ကိုယ်တကယ်အဆင်မ​ပြေတာကို"

".........."

"မင်းတကယ်အဆင်မ​ပြေတာကို ကိုယ်သိ​နေတယ်​လေ။ ဘယ်​လို အဆင်မ​ပြေမှုကိုမဆို မင်းကပုံစံသွင်းခံထားရတဲ့ လူတစ်​ယောက်လို စကားတခွန်းတည်းကိုသာ အမြဲ​ဖြေတယ်။ "

"ကျွန်တော်....."

"ချက်ခြင်းပြင်ဖို့ မလွယ်တာ ကိုယ်သိပါတယ်။ အဲ့ဒါကြောင့်အခုကစပြီး တဖြည်းဖြည်းချင်းပြင်နော် "

"ဟုတ်ကဲ့"

နောက်ကြည့်မှန်မှ မြင်ရသည့် လှုပ်တုပ်တုပ်ခေါင်းကလေး၊ တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းတွေနဲ့ ခေါင်းညိတ်လိုက်တိုင်း​ ​ဝေ့ဝဲကုန်သည့် ဆံနွယ်စတွေ ဒါတွေကိုပိုင်ဆိုင်ထားတဲ့ ကောင်းဆက်က သိပ်ကိုချစ်စရာကောင်းလွန်းသည်။ ရေချိုးပြင်ဆင်ပြီး သူတို့ပြန်ထွက်လာသည့်တိုင်အောင် အချိန်စောနေသေးတာကြောင့် မနက်စာကို ဆိုင်တဆိုင်ဆိုင်မှာ ဝင်စားရင်းအချိန်ဆွဲနေပြီးမှ ရုံးချိန်အမှီဆက်မောင်းလာခဲ့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တွယ်တာရသည့် ဖခင်ဖြစ်သူထွက်ခွာသွားသည့်နေ့က ကောင်းဆက်အတွက် မိုးပြိုကျသည့်နှယ်၊ သို့သော်လက်တဖက်က ကာကွယ်ထားသည့်မို့ သက်သာရာရော၊ အားကိုးရာပါရရှိခဲ့သည်။ ကားရဲ့နောက်ကြည့်မှန်ကို ကြည့်လိုက်တော့ Shane ရဲ့မျက်နှာတပိုင်းတစ မြင်နေရပြီး အရှေ့ကို အာရုံစိုက်မောင်းနေသည်မို့ မျက်လုံးတွေက လှုပ်ရှားနေပြီး မျက်ခွံပေါ်က မှဲ့နက်ကလေး ရွေ့လျားသွားတိုင်း ရင်ထဲလှပ်ခနဲ ဖြစ်ဖြစ်သွားသည့်အထိ ကောင်းဆက်သဘောကျရသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now