Chapter - 43

6.4K 798 42
                                    

ကားရဲ့ဘရိတ်ဆွဲသံ၊ ပြင်းထန်စွာတိုက်မိခြင်းကြောင်း ထွက်ပေါ်လာသည့်အသံ၊ လူအများရဲ့အာမေဋိတ်အသံများ၊ နိုရာ့မိဘတွေထံမှ အလန့်တကြားအော်သံ....။ မြောက်များစွာလှသော ထိုလှုပ်ရှားမှုတွေကို Shane မထိန်းချုပ်နိုင်ခဲ့၊ မရပ်တန့်ပစ်နိုင်ခဲ့။ ပြေးလာရာမှ တွန်းဖယ်ခံရခြင်းကြောင့် အရှိန်နဲ့ ​နောက်ပြန်ပစ်ကျသည့် Devin မှာ အတော်နာသွားဟန်ရှိပြီး ဘယ်ဘက်တဖက်က ​ထောက်လို့မရတော့။ နိုရာနာမည်ကို ​ရေရွတ်ကာ အားယူထနေရခြင်းကြောင့် Shane ကူညီရန်ပြေးသွားလိုက်သည်။

"Devin..."

ခပ်တိုးတိုးခေါ်ပြီး မ ထူရန်တွဲလိုက်ပေမယ့် Devin က ဖျတ်ခနဲလှည့်ကြည့်ကာ တွန်းထုတ်လာသည်။

"ငါ့ကိုမထိနဲ့..."

မျက်နှာတပြင်လုံးက သွေးပျက်ခံပြင်းနေသည့် အမူအရာအပြည့်ရှိနေပြီး လှည့်ကြည့်လာသည့် မျက်လုံးတွေထဲ ဒေသဟူသော အရိပ်အယောင်ကို Shane မြင်နေရတော့ ထပ်မကိုင်လိုက်တော့။ Devin ကတော့ မရမက အားယူထကာ ဘယ်လက်လက်ကို ညာဘက်လက်ဖြင့်ဆုပ်ကိုင်ထားပြီး ခွေကျလုမတတ်ယိုင်နဲ့နေသော ခြေလှမ်းတို့ဖြင့် နိုရာ့ထံသို့သွားနေခဲ့သည်။

"နို...နိုရာ...."

ဘောင်းဘီအိတ်ထဲ ဟိုဟိုဒီဒီစမ်းကာ ဖုန်းရှာနေသည့် Devin မှာ ဖုန်းက သူလဲကျခဲ့ရာနေရာမှာတင် ပြုတ်ကျနေခဲ့ပြီမှန်း ရိပ်မိပုံမရ။ ရှာလို့မတွေ့တဲ့အဆုံးမှာတော့ ဆောက်တည်ရာမရတော့ပဲ စတင်ငိုတော့သည်။

"ကိုယ့်ကိုကြည့်ပါဦး။ နိုရာ...နိုရာ!! အဲ့ဒီလိုမလုပ်ပါနဲ့ ကိုယ်....ကိုယ့်...ကိုမထားခဲ့နဲ့..ထားခဲ့လို့မရဘူး...။ "

အမြဲတမ်း ပြုံးရယ်နေတတ်ကာ အငြိမ်​နေ​လေ့မရှိသည့် နိုရာက ယခုတော့ လမ်းမထက်မှာ ငြိမ်သက်စွာလှဲနေခဲ့သည်။ ဦးခေါင်းဆီကထွက်လာသည့် သွေးတွေမှာ လမ်းမပေါ်အိုင်ထွန်းလာပြီး နှာခေါင်း၊ ပါးစပ်တို့ကနေလဲ ပါးပြင်ပေါ်ဖြတ်၍ စီးထွက်နေခဲ့သည်။ Daddy ရဲ့ ကားမတော်တဆမှုမြင်ကွင်းကို မျက်လုံးနဲ့မြင်ထားရသည့် ​ကောင်းဆက်အဖို့ ယခုမြင်ကွင်းကား သွေးပျက်ဖွယ်ရာအတိ...

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now