Chapter(19)U+Z

641 95 2
                                    

Chapter(19)စီးပွားဖက်ပါတနာ

မနက်ကိုးနာရီလေးဆယ့်ငါးမိနစ်မှာ လင်းယုတုန်က လေယာဉ်ပေါ်ကဆင်းလာတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့ သူက လေယာဉ်ပေါ်မတက်ခင်ကတည်းက ရန်ရှူကို ဆက်သွယ်ထားပြီးသားဖြစ်တာကြောင့် သူက ဂိတ်ပေါက်ကနေထွက်လာတာနှင့် သူက အရပ်သိပ်မရှည်တဲ့baby faceနဲ့ရန်ရှူနှင့်အတူ ကိုယ်လုံးကိုယ်ပေါက်လှပပြီး ယုံကြည်မှုရှိတဲ့ မိန်းကလေးက စောင့်ဆိုင်းတဲအခန်းမှာ စောင့်နေတာကို တွေ့လိုက်ရတယ်။မျိုးရိုးစဉ်ဆက် အရမ်းချမ်းသာတဲ့ရန်မျိုးဆက်နှင့် ပိုင်နည်းပညာလုပ်ငန်းစုက ပိုင်ရီဟီအဖြစ် အရင်ဘဝတုန်းက လင်းယုတုန်က သူတို့နှင့်ဆုံခဲ့ဖူးတယ်။အရင်ဘဝတုန်းက သူတို့နှင့်ဆုံတဲ့အချိန်တုန်းက ဒီလူနှစ်ယောက်ရဲ့မျက်နှာက အခုလောက် နူးညံ့မှုမရှိဘူး။ဒါကလည်း ရှစ်နှစ်ကြာပြီးနောက် ပြောင်းလဲသွားတာဘဲ ဖြစ်လိမ့်မယ်။

အရင်တုန်းက ရန်ရှူက လင်းယုတုန်ကို မမြင်ဖူးဘူး။ပြီးတော့ ပိုင်ရီဟီထံက ရန်ရှူကို ပြောခဲ့တာက ရင်းနှီးမြှုပ်နှံချင်တဲ့ ဖော်သည်တစ်ယောက်ရှိပြီး သူမကဘဲ သွားရောက်စုံစမ်းစစ်ဆေးထားတာဖြစ်တယ်။

ပိုင်ရီဟီက စစ်ဆေးရေးဂိတ်က ထွက်လာတဲ့ ကုတ်အင်္ကျီဝတ်ဆင်ထားတဲ့ ခရီးသည်တွေကို လေ့လာနေရင်း လေ့လာနေရင်းနဲ့ အသံနိမ့်ပြီး မေးလိုက်တယ်"နင် အဲဒီလူကို ယုံကြည်စိတ်ချရတဲ့သူလို့ထင်လား?"

ရန်ရှူက ပိုင်ရီဟီလောက် အရပ်မမြင့်ဘူး။ပြီးတော့ ပိုင်ရီဟီက မြင့်မားတဲ့ဒေါက်မြင့်ဖိနပ်ကို စီးထားပြီး သူ့ထက်အရပ်မြင့်တာကြောင့် ရန်ရှူက ခြေဖျားထောက်ကြည့်နေရင်း ပေါ့ပါးစွာပြောလိုက်တယ်"ဖြစ်သင့်ပါတယ်။ငါကြားသလောက်ဆိုရင်တော့ သူက ယုံကြည်ရတဲ့သူဘဲဖြစ်လိမ့်မယ်။ဘာကိစ္စဘဲ ဖစ်ဖြစ်ပါ ငါတို့က အရင်စကားပြောကြည့်သင့်တယ်။မဟုတ်ရင်လည်း အိမ်ကို ရောင်းပြီးတော့ ငါတို့ရဲ့လစာကို ပေးရမယ်"

ပိုင်ရီဟီရဲ့မျက်နှာက ချက်ချင်းဘဲ အက်ကွဲသွားတယ်။ပြီးတော့ သူမက ဒီနေ့လိမ်းခဲ့တဲ့ မိတ်ကပ်က မကောင်းဘူးလို့ တွေးခဲ့ပြီး သူမက ရန်ရှူကို အကြင်နာမဲ့စွာ ဆွဲဆိတ်လိုက်ပြီးလြေိုက်တယ်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now