When we first met... (Unicode)

10.5K 1K 21
                                    

ဖီ မအားတာနဲ့ အပိုင်း (၁၂)ကို များများရေးမပေးလိုက်နိုင်ဘူး ဖြစ်သွားတယ်။ ဒါမို့ Eyes On Me မဖတ်ထားတဲ့သူတွေအတွက် ကိုးကိုးနဲ့တေးတေး ပထမဆုံးတွေ့တုန်းကအကြောင်းလေး အလွမ်းပြေ ပြန်တင်ပေးလိုက်ပါတယ်။

နောက် ကြိုအသိပေးချင်တာလေးက Mini-story ဆိုတဲ့အတိုင်း မှန်းခြေ ၁၅ပိုင်း​လောက်ဆို အပြီးသတ်နိုင်တော့မှာပါ။ ကိုးကိုးတို့အတွက် တစ်ခုခုလိုအပ်တာ၊ အကြံပေးချင်တာများရှိရင် ပြောခဲ့လို့ရပါတယ်နော်....🤍

••••••••••••••••••••••••••••••••


တိမ်ထူထူညနေခင်းတစ်ခုတွင် ရန်ကုန်ရောက် သီပေါသားလေးတစ်ယောက် မျက်နှာငယ်ကလေးနှင့် လမ်းပျောက်နေရှာသည်။ ဘယ်ဘက်ကိုမော့ကြည့်လည်း တိုက်တွေ၊ ညာဘက်ကိုပြန်မော့ကြည့် တိုက်တွေ ... လက်ထဲကတတူတူမြည်နေသော ဖုန်းကိုပြန်ငုံ့ကြည့်တော့ ဘုန်းလျှံမောင် ခေါင်းပင်မူးသွားချေပြီ။ ယခုအချိန်ထိ သူ့အစ်ကိုဖြစ်သူ အေးချမ်းမောင်မှာ ဖုန်းကိုမကိုင်သေးပေ။

နိုဝင်ဘာကျောင်းပိတ်ရက် သီပေါကိုပြန်မည်အပြု ကိုကြီးကမေမေကြီးဖို့ လက်ဆောင်ပစ္စည်းတွေ ထည့်ပေးချင်သည်ဆိုသောကြောင့်သာ သူ တိုက်ခန်းလိုက်ရှာနေရတာဖြစ်သည်။ တိုက်နံပါတ်(၂၁)လို့ပဲပြောထားပြီး ဖုန်းကမကိုင်တော့ တစ်ခန်းချင်းပဲ တံခါးလိုက်ခေါက်ကာ မေးရတော့မလို။ သည်လိုနှင့် ဘုန်းလျှံမောင်တစ်ယောက် ကြံရာမရဖြစ်နေခိုက် လူတစ်ယောက် ထိုတိုက်နံပါတ် (၂၁) ထဲသို့ ဝင်သွားသောအခါ၊

"ဟို .. ဟိုအကိုကြီး"

ပျာပျာသလဲခေါ်ပြီး အနောက်ကပြေးလိုက်တော့ ထိုသူက လှည့်ကြည့်ပါသည်။

"ခေါ်လိုက်တာလား"

"ဟုတ်တယ်၊ ဟုတ်တယ်။ ဒီတိုက်မှာ ကိုအေးချမ်းမောင်အခန်းက ဘယ်အခန်းလဲခင်ဗျ"

မဲနက်နေသော မျက်ခုံးကြောင်းနှစ်ခု တွန့်ချိုးသွားတာ ဘုန်းလျှံမောင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ အနီးကပ်မှရလိုက်သော ပိုးသတ်ဆေးအနံ့ကြောင့် သည်လူသည် ဆေးခန်းသွားပြပြီးပြန်လာတာ ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင်တော့ ဆရာဝန်ပင်ဖြစ်လိမ့်မည်။

သင်္ကြန်မောင်Where stories live. Discover now