မမပွင့်

12.7K 26 0
                                    

ရှမ်းပြည် နယ် တောင်ကြီးမြို့ရဲ့ ဆောင်းတွင်း .။ ခြံထဲမှာ မင်းလတ် ကင်းတာဝန်ကျနေသည် ။ ညဉ့်နက်လာလေ အေးလာလေမို့ မင်းလတ်ဂျာကင်ကို လည်ပင်းအထိ ဇစ်ဆွဲတင်လိုက်သည် ။ သေနတ်ကို ဘယ်လက်နဲ့ ပိုက်ထားရင်း ညာလက်နဲ့ အပြာရင့်ရောင် တောဆောင်းဦးထုပ်ကို ရှေ့ကိုငိုက်ငိုက် ဆွဲချသည် ။ အိမ်ကြီးဆင်ဝင်အောက်မှာ သူရပ်နေရင်း မနေ့က ညဈေးတန်းမှာ တွေ့လိုက်တဲ့ ကောင်မလေးအကြောင်း တွေးနေသည် ။ တော်တော်ချောတဲ့ ကောင်မလေး ။ အသားဖြူလွန်းတဲ့ အဲဒီကောင်မလေးရဲ့ ပါးပြင်လေးတွေက အေးလွန်းနေတဲ့ ရှမ်းပြည်ဆောင်းကြောင့် နီရဲတွတ်နေကြသည် ။ ပအို့မလေးလား . .ရှမ်းမလေးလား ။မနေ့ညက မင်းလတ် မြင်မြင်ချင်း ဒီကောင်မလေးကို ကြိုက်သွားသည် ။ တာဝန်နဲ့သာ မဟုတ်ရင် ကောင်မလေးနောက်ကို လိုက်မိမှာ သေချာသည် ။ မနေ့ညက မင်းလတ် မမပွင့်နဲ့ အန်တီမြတို့ ညဈေးတန်းထွက်ကြတာ လုံခြုံရေးလိုက်ရသည် ။မာဇဒါဂျစ် အနောက်မှာထိုင်နေတဲ့ မင်းလတ်သည် လမ်းဘေးမှာရောင်းနေတဲ့ ဖိနပ်တွေကို ကိုင်ကြည့်နေတဲ့ကောင်မလေးကို ကားပေါ်က တွေ့လိုက်တာ ဖြစ်သည် ။

ချောလွန်းတဲ့ ကောင်မလေးကို ငေးနေတုံး ကားမောင်းသူ... " ကိုကံရက မင်းလတ် အန်တီမြနဲ့ မပွင့်တို့ ဈေးတန်းထဲ လျောက်ရင်းဝေးသွားပြီ လိုက်အုံးလို့ " သတိပေး လို့ ကားပေါ်ကဆင်း.. အမ်၁၆ ကို ပခုံးမှာ ပြောင်းပြန်လွယ်ပြီး မမပွင့်နဲ့ အန်တီမြတို့ အနောက်ကို အပြေးကလေး လိုက်သွားရသည် ။ ခုတလော နယ်မြေအခြေအနေ သိပ်မအေးလှလို့ လုံခြုံရေးမပေါ့နဲ့လို့ မင်းလတ်တို့ကို အမြဲညှွန်ကြားထားလို့ပါဘဲ။ အင်း အဲဒီကောင်မလေးကို သူပိုးဟပ်ဖြူမလေးလို့ နံမည်ပေးထားသည် ။ စိတ်ကူးသာ ယဉ်နေတာ ဒီကောင်မလေးကို ပြန်တွေ့ပါ့မလားတော့ မသိ .။ အနောက်က ခြေသံချွတ်ကနဲ အသံကြားလို့ လှည့်ကြည့်လိုက်သည် ။ နော်ထီးမူ အိမ်ဖေါ် နော်ထီးမူပါ ။ နော်ထီးမူက မမပွင့်တို့ ရန်ကုန်က ပြောင်းလာကထဲက ပါလာတဲ့အိမ်ဖေါ်ပါ ။ "အကို မင်းလတ်" "ဟေ . .ထီးမူ . .ဘာလဲ" မမပွင့်က အကို့အတွက် ကော်ဖီ ပို့ခိုင်းလိုက်လို့ . .ရော့ " "အေးအေးကျေးဇူးဘဲ ထီးမူ" အငွေ့တထောင်းထောင်းနဲ့ ကြွေရည်သုတ် မတ်ခွက်ထဲက ကော်ဖီက အနံ့မွေးပျံ့နသည် ။

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now