"ဟဲ့ ကောင်းပြည့်ပိုင် အကြောင်းကြားပြီးပြီလား"
"ဘာဖြစ်လို့လဲ"
"သူက gayတဲ့ "
"ဘယ်သူပြောတာလဲ "
"နီနီပြောတာ"
"ဟယ် မထင်ရဘူးနော် "
"အေးလေ သူ့ပုံစံကိုအစထဲကငါပြောသားပဲ ခပ်နွဲ့နွဲ့ပဲကို "
"တော်ကြတော့ ဟိုမှာလာနေပြီ"
ကျွန်တော်အခန်းထဲကိုရောက်တော့ တစ်ခြားတွေကကျွန်တော့ကိုကြည့်ပြီး ဘာတွေပြောနေကြတာလဲမသိဘူး ဟိုလူကွက်ကြည့်ဒီလူကွက်ကြည့်နဲ့
"ကောင်း လာအုံး"
"ဟင် မေ"
သူ့ကို လက်ယက်ခေါ်နေသောမေအနားသူသွားထိုင်လိုက်သည်
"ပြောလေမေ ဘာပြောစရာရှိလို့လဲ"
"ကျောင်းမှာပြောနေကြတယ် နင်က "
"ငါကဘာဖြစ်လဲ"
"နင့်ကိုgayတဲ့ ပြောနေကြတယ်"
ကြားရတဲ့စကားက ကျွန်တော့်ခေါင်းကိုမိုးကြိုးပစ်သွားသလိုပဲ ပြောစရာစကားပါအစရှာရခက်နေပြီ
"သူတို့ပြောနေတာတွေက တစ်ကယ်ပဲလားကောင်း"
သူ့ကိုကြည့်နေတဲ့မေ မျက်လုံးတွေကိုသူရှောင်နေမိတယ် ကျွန်တော်တကယ် ဒီစကားကိုပြောဖို့အဆင်သင့်မဖြစ်သေးဘူး
"ငါမေးနေတယ်လေ "
"ဟုတ်တယ် သူတို့ပြောနေတာအမှန်ပဲ"
ဒီတစ်ခါအံ့ဩရသူကမေရယ်ပါ
"နင်နောက်နေတာလားကောင်း"
"မနောက်ပါဘူး မေရယ်"
မေက သူ့ကိုဖက်လာတယ် ဒီအချိန်ငိုနေတဲ့သူကကျွန်တော်မဟုတ်ပဲ မေရတီခင်ပဲ ဖြစ်နေတယ် သူမကကျွန်တော့်အစားခံစားပေးနေလေရဲ့ မေကသူ့အတွက်အကောင်းဆုံးသူငယ်ချင်းပါ
"မေရယ် မငိုနဲ့တော့ ကလေးကြနေတာပဲ"
"နင်ကလည်း နင်ဝမ်းမနည်းဘူးလား ကောင်း"
"ဝမ်းနည်းစရာလား ငါကဘယ်သူ့စကားမှဂရုမစိုက်ချင်ဘူး မေ ငါ့ဖြစ်တည်မှုကိုငါလက်ခံနိုင်တယ် မေ"
YOU ARE READING
တွဲသောလက်တို့မြဲစေချင်
Short Storyဒီဘဝမှာမမြဲခဲ့တဲ့လက်လေးကိုတော့ နောင်ဘဝကျရင်ကျွန်တော်မြဲအောင်တွဲထားမိမယ်ထင်ပါတယ်...(One shot)