Chapter - 45

6.6K 867 38
                                    

"ဘာဖြစ်တာလဲ လူနာဘာနဲ့ထိခိုက်လာတာလဲ..."

"လူတစ်ယောက်က အရက်ပုလင်းနဲ့ရိုက်လိုက်တာပါ Dr။ ရှောင်လိုက်တော့ ခေါင်းကိုမထိသွားပေမယ့် နဖူးစောင်းကနေ အတွင်းဘက်အထိကွဲသွားပြီး သွေးထွက်တာများနေပါတယ်။"

ဆေးအမှုထမ်းနှင့် Devin ပြောသမျှကို ကောင်းဆက်နားစွင့်နေရာက Shane ရဲ့လက်ဖဝါးတဖက်ကို ဆုပ်ကိုင်လိုက်သည်။ စက်ကြီးထဲထည့်လှည့်ခံရသလို ချာလပတ်ယမ်းအောင် မူးတက်လာပြီး ရင်ထဲကပါ တလှပ်လှပ်ဖြစ်လာကာ ဆက်မလိုက်နိုင်တော့။ တဆတ်ဆတ်တုန်ယင်လာသည့် ခြေထောက်တွေခွေမကျသေးခင် နံရံကိုလက်ထောက်ကာ ​နေရစ်ခဲ့ရသည်။ အရေးပေါ်ခန်းရဲ့တံခါးဝအရောက်မှာတော့ Devin အပါအဝင် Company က လူတွေကပါ ဆက်ဝင်လို့မရတော့ပြီမို့ ကောင်းဆက်ရပ်နေရာနေရာဆီသို့ ပြန်လျှောက်လာကြပြီး..

"Shane ကို....Shane ကို ဘယ်သူလုပ်လိုက်တာလဲ Edward..."

ဟူသော မိမိရဲ့အမေးကို Edward က သက်ပြင်းအသာချကာ Video File တခုကို ထုတ်ပြလာသည်။

"ငါက ပွဲကိုရိုက်ထားတာ သူဌေးရဲ့သူငယ်ချင်း Kelvin ဆိုတာလေ။ သူနဲ့အတူ လူတစ်ယောက်ပါလာတယ်။ အရက်တွေလဲမူးနေတာ။ သူဌေးနဲ့က ရန်ငြိုးရှိတာလား ဘာလား​တော့မသိဘူး။ နောက်တော့သူဌေးကို သူခိုးလို့စွပ်စွဲတော့ သူဌေးကလုံခြုံရေးတွေနဲ့ ဆွဲထုတ်ခိုင်းတယ်။ အဲ့ဒါ အဲ့ဒီလူက သူ့ကိုဆွဲထုတ်ရပါ့မလားဆိုပြီး အနားကစင်ပေါ်က အရက်ပုလင်းဆွဲယူရိုက်တာ။ မြန်လွန်းလို့ ဆွဲချိန်တောင်မရလိုက်ဘူး။"

ရှင်းပြနေသည့် Edward စကားကို တဖက်ကနားထောင်းရင်း ကောင်းဆက်နှင့်Devin ရဲ့အကြည့်က ဖွင့်ပြနေသည့် Video File လေးဆီသို့ ​ရောက်ရှိသွားသည်။ Video လေးထဲတွင် Shane နှင့် အရက်မူးနေသူတစ်ဦးတို့က စကားများနေကြပြီး Kelvin ဆိုသောလူက ဖြေရှင်းရန်ကြိုးစားနေပေမယ့် အသံအတော်အသင့်ကျယ်နေတော့ Video ထဲမှာတောင် ရှင်းလင်းစွာကြားနေရသည်။

"မဖိတ်ထားတဲ့ပွဲကို မင်းက ​ရောက်လာပြီး ငါ့ကိုလာ​စော်ကား​နေတာက မင်းလွန်​နေပြီလို့ မထင်ဘူးလား Philip "

"ရန်တွေ့နေသလိုပဲ Shane ရာ ။ ငါက Kelvin နဲ့လိုက်လာခဲ့တာ မင်းကငါ့ကိုမဖိတ်​တော့ ဖိတ်စာရှိသူနဲ့လိုက်လာရတာ​ပေါ့"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now