The Longing

1.2K 88 11
                                    

လူတွေက သူ့ကို "ရူးနေပြီလား"လို့ မကြာခဏ မေးတတ်ကြတယ်။ မေးချင်စရာကောင်းလောက်အောင်လည်း သူ့ပုံစံက ရစရာမရှိအောင် ပြိုလဲနေတာပင်။ နာလန်မထူနိုင်လောက်အောင် ခပ်ပြင်းပြင်းလေး ရိုက်ချခံလိုက်ရတော့ သူ့မှာ အရူးမီးဝိုင်းရယ်။ တကယ့်ကို အရူးတစ်ယောက်ကို မီးတွေဝိုင်းနေခဲ့တာပေါ့။

"ဆောင်းဟွန်း...မင်းအခန်းက ဆေးလိပ်နံ့တွေ မွှန်ထူနေတာပဲ...အိမ်ပြန်မအိပ်တာရော ဘယ်နှစ်ရက်ရှိနေပြီလဲ...တစ်ခန်းလုံးလည်း ကြွက်သိုက်ကျလို့"

ဂျယ်ယွန်းက သူ့အိပ်ခန်းထဲရှိ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေတဲ့ အဝတ်တွေနဲ့ ဆေးလိပ်တိုတွေအား လိုက်သိမ်းပေးရင်း မေးလာခဲ့သည်။

မသိ...။

သူအိမ်ပြန်မအိပ်ဖြစ်တာ တစ်ပတ်လောက်ရှိပြီထင် ဒါမှမဟုတ် တစ်ပတ်ထက်ပိုတာလည်း ဖြစ်နိုင်သည်။

သူ့စိတ်ထဲ နေ့စွဲတွေကို ထွေထွေထူးထူး မှတ်မထားမိတော့တာ ကြာခဲ့ပြီ။ နေ့စွဲပျောက်တဲ့ကာလတွေထဲ သူဟာ ဦးတည်ရာမဲ့ မြောနေခဲ့တာပင်။

•••

ဆောင်းဟွန်းက 'Seoul Ballet Theater'ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နာမည်ကြီး ballet dancerတစ်ဦးလည်းဖြစ်သည်။ သူ့ဘဝဟာ ကောင်းမွန်တဲ့အရာတွေနဲ့ချည်း ပြည့်နှက်နေတာမျိုးမဟုတ်ပေမဲ့ နေပျော်စရာတော့ကောင်းခဲ့သည်။ သူ့အချစ်ဦးဖြစ်တဲ့balletအကဟာ ခက်ခဲချိန်တွေမှာတောင် သူ့အား ပျော်ရွှင်မှုပေးစွမ်းနိုင်တဲ့ အားအင်အရင်းအမြစ်တစ်ခု ဖြစ်ပေးခဲ့သည်လေ။

ဆောင်းဟွန်းဘဝမှာ လိုချင်တပ်မက်မှုရယ်လို့ ကြီးကြီးမားမားမရှိ။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်သူ ဖြစ်တဲ့အလျောက် သူ့ထံ၌ ရှုပ်ရှုပ်ထွေးထွေး အတွေးများလည်း မရှိတတ်။ ရှုပ်ထွေးပွေလီမှုတွေနဲ့ ဉာဏ်နီဉာဏ်နက်တွေကို သဘောမကျတတ်သလို လိုတာထက်ပိုတဲ့ လောဘမျိုးကိုလည်း သူမနှစ်သက်။

ဒီလို ရိုးစင်းတဲ့သူ့ဆီကိုမှ ကံကြမ္မာက ကျိန်စာနဲ့တူတဲ့လက်ဆောင်တစ်ခု ပေးသနားလာခဲ့သည်။ သူ့ဘဝမှာ အချစ်ဦးကိုသာ အချစ်ဆုံးလို့ မှတ်ယူထားခဲ့ပေမဲ့ တစ်စုံတစ်ယောက် ရောက်လာချိန်မှာတော့ အချစ်ဦးကို စွန့်ပစ်လိုက်နိုင်သည်အထိ သူဟာ ထိုသူ့အပေါ် တွယ်ငြိသွားခဲ့တော့သည်။

You've reached the end of published parts.

⏰ Last updated: Aug 10, 2022 ⏰

Add this story to your Library to get notified about new parts!

The LongingWhere stories live. Discover now