Chapter - 46

6.9K 814 41
                                    

ဆူညံသံ၊ ရုန်းရင်းဆန်ခတ်သံတွေကြားမှာ အာရုံပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် အသိဝင်လာချိန်မှာတော့ တိတ်ဆိတ်အေးစိမ့်နေသည့် ​နေရာသို့ရောက်ရှိနေကြောင်း Shane ခံစားမိနေသည်။ ဘာ​တွေဖြစ်ပျက်ခဲ့သည် ဆိုတာကို အမှတ်ရသွားတာနှင့်အတူ ရိုက်ခံရသည့် ဦးခေါင်းကိုလိုက်စမ်းနေမိသည်။ ရိပ်တိတ်ရိပ်တိတ်ဖြင့် မူးနေကာရင်ထဲတော့ ​နေလို့မကောင်းလှပေမယ့် နာကျင်ခြင်းတော့အလျဉ်းမရှိ။ ထိုအချိန်မှာပင် တစုံတယောက်က လက်ကိုချုပ်ကိုင်လာကာ စကားစလာခဲ့သည်။

"လျှောက်စမ်းမနေနဲ့ အပ်တွေပြုတ်ကုန်မယ်။ ဘယ်လိုနေသေးလဲ။I

အသံပိုင်ရှင်က Devin မှန်းသိလိုက်ပြီး အခန်းတွင်းနာရီက မနက်၂နာရီကို ညွှန်ပြနေသည့်တိုင်အောင် Devin က အိပ်ချင်နေဟန်လဲမရှိပေ။

"နိုရာရော...."

"မင်းကိုမေးနေတာ Shane ။ ဘာလို့ နိုရာကိုမေးနေတာလဲ။ "

"သက်သာပါတယ်။ ဒီအချိန်ထိ မင်းဘာလုပ်နေတာလဲ။"

"မင်းမှသတိမလည်သေးတာ ​စောင့်ရမှာပေါ့ ငါက။ သွေးအားလဲနည်းနေတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်လဲဂရုစိုက်ပါဦး Shane ရာ။ ကောင်းဆက်က မင်းကိုစိတ်ပူနေတာ အခုတောင် မနက်အိပ်ခိုင်းထားရတာ။"

"ခေါင်းကွဲရတယ်ဆိုပေမယ့် တန်ပါတယ်။ ငါခေါင်းမကွဲရင် မင်း ငါ့ကိုစကားပြောဖို့ဝေးလို့ အတွေ့တောင်ခံမှာမဟုတ်ဘူး။"

ထိုသို့ဆိုလိုက်တော့ သက်ပြင်းချသံသဲ့သဲ့က Devin ထံက ထွက်ပေါ်လာပြီးနောက် ကုတင်ဘေးက ခုံလေးမှာအသာဝင်ထိုင်လာကာ မိမိကိုစေ့စေ့ကြည့်လာသည်။

"ဖြစ်သွားတဲ့ကိစ္စက မင်းနဲ့မဆိုင်မှန်း ငါရောကောင်းဆက်ရော သိပြီးသားပါ။ ဒါပေမဲ့ မင်းသိတယ်မဟုတ်လား နိုရာကငါ့အတွက် ဘယ်လိုလူဆိုတာ။ ​ကောင်းဆက်အတွက်လဲ အဲ့ဒီလိုပဲ။ သူက မင်းမတိုင်ပင်ပဲ လုပ်လိုက်တဲ့ ကိစ္စတခုကြောင့် ဒီလိုကြီးဖြစ်သွားတဲ့အခါမှာ ငါတို့လဲနည်းနည်းတော့ စိတ်ပြင်းထန်သွားတယ်။ အဲ့ဒီအတွက်.."

"ငါနားလည်ပါတယ် မင်းတို့စိတ်အဆင်မပြေမှာကိုပဲ ငါစိတ်ပူတာ။ ​ကောင်းဆက်က ငါ့ကိုအတွေ့ခံဖို့မပြောနဲ့ စကားတောင် လက်ခံမပြောဘူးလေ။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now