အဆုံးသတ်ပေမယ့် အပြုံးမပျက်ပါ

16.4K 33 0
                                    


ခင်မေချစ်ကို တစ်ဆွေလုံးတစ်မျိုးလုံးက ဝိုင်းပယ်ထားသည်။ ပြောဆိုဆက်ဆံခြင်းမလုပ်ကြဟုဆိုလျှင် ခင်မေချစ် ဘယ်လောက်ဆိုးသလဲဆိုတာ သိသွားနိုင်သည်။ နောက် ခင်မေချစ် ဘာတွေမှားခဲ့သလဲဟုလည်း စဉ်းစားစရာဖြစ်လာရ သည်။ မှန်သည်။ ခင်မေချစ်က အသိုင်းအဝိုင်းတစ်ခုလုံးက ခွင့်မလွှတ်နိုင်သော အမှားကို ကျူးလွန်မိခဲ့သည်။ ဦးခင်ဝင်းနှင့် ဒေါ်မေသစ်တို့မှာ ဗိုလ်ချုပ်ဈေးထဲတွင် ရတနာဆိုင်ကြီးဖွင့်ထားသည့် ရတနာကုန်သည်တွေဖြစ်သည်။ သူတို့တွင် တစ်ဦး တည်းသော သမီးလေး တစ်ယောက်ထဲရှိသည်။ သူကတော့ ခင်မေချစ် ပင်ဖြစ်သည်။
စီးပွားကလည်း ချမ်းသာ၊ မိသားစုသုံးယောက်စလုံးကလည်း ကျန်းမာဆိုတော့ သူတို့မိသားစုလေးသည် ပျော်ရွှင်ချမ်း မြေ့စရာကောင်းလှသည်။ ဒါပေမယ့် ခင်မေချစ် အသက်(၁၈)နှစ်အရွယ်တွင်တော့ သူတို့မိသားစုလေး ကံဆိုးမိုးမှောင်ကျခဲ့ရ သည်။ ဒါကလည်း ခင်မေချစ် ကြောင့်ပင်ဖြစ်သည်။ ဖြစ်ပုံက ခင်မေချစ်က သူ့ထက်အသက်(၁၀)နှစ်လောက်ကြီးသော အရက်သမားတစ်ယောက်နှင့် လိုက်ပြေးသွားခြင်းကြောင့်ပင်ဖြစ်သည်။ ပြီးတော့ကြည့်ဦး။ ခင်မေချစ် ယူလိုက်တာက လူပျိုလူ လွတ်မဟုတ်၊ ကလေးတစ်ယောက်အဖေ တစ်ခုလပ်ဖြစ်သည်။ ဒီတော့ ဖခင်ဖြစ်သူ ဦးခင်ဝင်း ခမျာ သမီးကို ရှာလည်းမရှာ၊ ပြန်လည်း လက်မခံတော့ဘဲ ပစ်ထားခဲ့ပြီး သူကိုယ်တိုင်လည်း စိတ်ဆင်းရဲခြင်းကြီးစွာဖြင့် အရက်၏ ကျေးကျွန်ဖြစ်လာခဲ့ရ သည်။ မိခင်ဖြစ်သူ ဒေါ်မေသစ်ကတော့ သမီးဖြစ်သူ ခင်မေချစ်အား တွေ့အောင်ရှာ၍ လင်ဖြစ်သူမသိအောင် ခိုးဝှက်၍ ထောက်ပံ့ခဲ့သည်။
နောက်သုံးနှစ်မျှကြာသောအချိန်တွင် ဦးခင်ဝင်းမှာ အရက်ကြောင့် ဘဝဆုံးသွားခဲ့ရသည်။ ဒေါ်မေသစ်က သမီးဖြစ် သူကို အိမ်သို့ပြန်ခေါ်၍ ဗိုလ်ချုပ်ဈေးတွင် အထည်ဆိုင်တစ်ဆိုင်ဖွင့်ပေးခဲ့သည်။ ကျန်ပစ္စည်းများကို ရောင်းချထုခွဲလှူဒါန်းပြီး သူမကိုယ်တိုင် စစ်ကိုင်းချောင်တွင် ယောဂီဝတ်သွားတော့သည်။ ဝဋ်ကြွေးဆိုတာက မနေပါ။ အိမ်ထောင်သက် (၁၀)နှစ် အရောက်မှာပင် ခင်မေချစ် ယောက်ျားစံထူးမှာ အရက်ကြောင့်ပင် ဆုံးပါးသွားခဲ့ရသည်။ ဒီတော့ ခင်မေချစ်မှာ လင်ပါသမီး သဲအိဖြူနှင့်အတူ ဘဝကိုရင်ဆိုင်ရတော့သည်။
စံထူး ဆုံးသွားချိန်တွင် ခင်မေချစ်မှာ အသက်(၂၈)နှစ်ပင်ရှိသေးပြီး လင်ပါသမီးဖြစ်သူ သဲအိဖြူမှာ အသက်(၁၈)နှစ် ထဲရောက်နေပြီဖြစ်သည်။ ခင်မေချစ်မှာ စံထူးနှင့်သားသမီး မထွန်းကားလေတော့ သဲအိဖြူကို သမီးတစ်ယောက်လို၊ ညီမလေး တစ်ယောက်လို ချစ်ရှာသည်။ သူမနှင့်စံထူးတို့ ညားချိန်တွင် သဲအိဖြူမှာ အသက်(၈)နှစ်သာရှိသေး၍ သဲအိဖြူမှာ ခင်မေချစ်လက်ပေါ်မှာပင် ပြုစုယုယမှုအောက်မှာ ကြီးပြင်းလာခဲ့ရသည်။ သဲအိဖြူမှာ မိခင်မေတ္တာကို ငတ်ခဲ့ရသူတစ်ယောက် ဖြစ်၍လည်း ခင်မေချစ်ကို မိခင်တစ်ယောက်လို ချစ်ရှာ ခင်ရှာပါသည်။ အခုဆိုလျှင် သဲအိဖြူမှာ တက္ကသိုလ်သို့ပင် ရောက်၍ နေပြီဖြစ်သည်။
မုဆိုးမလေး ခင်မေချစ်က အသက်(၂၈)နှစ်သာ ရှိသေးလေတော့ ကာမအာရုံညွှတ်ကွင်းက မကင်းလွတ်နိုင်ပါ။ ကြိုး ချင်းထား ကြိုးချင်းငြိဆိုသလို အရောင်းအဝယ် ကိစ္စပတ်သက်နေသော ဆိုင်နီးနားချင်း မောင်မောင်ဦး ဆိုသော လူတစ် ယောက်နှင့် ငြိတော့သည်။ မောင်မောင်ဦးမှာ ခင်မေချစ်ထက် အသက်(၁၀)နှစ်လောက်ကြီးပြီး အသက်(၄၀)နီးပါးလောက်ရှိ ပြီဖြစ်သည်။ အိမ်ထောင်မရှိသော လူပျိုကြီးတစ်ယောက် ဖြစ်သည်။ ဒါပေမယ့် ခင်မေချစ်နှင့် ဆိုင်နီးနားချင်းဆိုပေမယ့် မောင်မောင်ဦးမှာ ဆိုင်ပိုင်ရှင်တော့ မဟုတ်ပါ။ အမဖြစ်သူ၏ ဆိုင်တွင် ဝိုင်းဝန်းရောင်းချပေးနေသော သူသာဖြစ်လေသည်။
မောင်မောင်ဦးနှင့် ခင်မေချစ်တို့မှာ အပြင်တွင်တွဲ၍ အားမရနိုင်တော့ဘဲ ညဖက် ခင်မေချစ်၏ အိမ်သို့လာ၍ အိပ်သည်အထိ ဖြစ်လာခဲ့သည်။ သမီးဖြစ်သူမှာ လင်ပါသမီးဖြစ်၍ ခင်မေချစ် စိတ်ထဲသိပ်ပြီး အလေးမထားတာလည်း ပါသည်။ မောင်မောင်ဦးလာအိပ်လျှင် သီးသန့်အခန်းတစ်ခန်းနှင့် သူ့ကိုသိပ်သည်။ ခင်မေချစ်က တစ်ခန်း၊ သဲအိဖြူက တစ်ခန်း သပ်သပ်စီအိပ်သည်။ ဒါပေမယ့် ဘယ်နေပါ့မလဲ။ သဲအိဖြူဆိုတာက တက္ကသိုလ်ကျောင်းသူဖြစ်နေပြီ။ ရည်းစားပင် နှစ်ယောက်ပြောင်းသွားခဲ့ပြီဖြစ်သည်။ ဒီတော့ မောင်မောင်ဦးနှင့် ခင်မေချစ်တို့ အခြေအနေကို သဲအိဖြူ ကောင်းကောင်းသိသည်ပေါ့။

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now