Chapter - 47

7.3K 863 47
                                    

မနေ့ညက တလူးလူးတလှိမ့်လှိမ့်ဖြင့် အိပ်မပျော်ခဲ့ရာက မိုးလင်းပိုင်းမှ ​ကောင်းဆက်အိပ်ပျော်သွားခဲ့ပြီး အိမ်ရှေ့ခန်းဆီက စကားပြောသံတွေကြောင့် လန့်နိုးလာခဲ့ရသည်။ Shane ရောက်လာသည်ထင်သည်။ တွေ့ချင်စိတ်ရော ပြောချင်စိတ်ရော ဘာတခုမှရှိမနေသည်မို့ ကောင်းဆက် အပြင်မထွက်တော့ပဲ စကားသံတွေကိုသာ နားစွင့်နေလိုက်တော့သည်။

"ထိုင်ပါဦး Shane။ မနက်စာရောစားခဲ့ပြီးပြီလား။"

"ကျွန်တော် ​ကောင်းဆက်ကိုလာတောင်းပန်တာပါ မေမေ။ မနေ့ညကကိစ္စ မေမေသိပြီးပြီးလား မသိပေမယ့်"

"ကောင်းဆက်ပြောလို့သိထားပါတယ်။"

"ဟုတ်ကဲ့ အဲ့ဒီအတွက် ကျွန်တော်လာတောင်းပန်တာပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်ပြီးမှ ​တောင်းပန်တာမျိုးက ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ဘူးဆိုတာသိပေမယ့် တောင်းပန်ရုံကလွဲပြီး ကျွန်တော်ဘာမှမလုပ်နိုင်လို့ပါ။"

"သမီးရည်းစားကိစ္စတွေကြားမှာ မေမေဝင်ပြောရတာ နည်းနည်းတော့ ကသိသအောက်နိုင်တယ် Shane ။ မေမေ့သားကောင်းဆက်က သူ့ရဲ့ထူးခြားစွမ်းအင်ကြောင့် ကျိန်စာဆိုတဲ့ စကားလုံးကြီးနဲ့ ဘဝတစ်လျှောက် ထိုးနှက်ခံခဲ့ရတာပါ။ ပြီးတော့ မေမေတို့က လိင်တူချစ်ခြင်းကို သဘောကျပေးတဲ့ မိဘမျိုးမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ချစ်ခြင်းဆိုတာကျားမ မရွေးဖြစ်ပေါ်နိုင်ပြီး နှစ်ဦးနှစ်ဖက် သဘောကျနှစ်သက်နေရင် ပြီးတာပဲဆိုပြီး သားကောင်းဆက်ရဲ့စိတ်သဘောထားအရရော၊ သားအပေါ် Shane က တကယ်မေတ္တာရှိနေတဲ့သူလို့ ယုံကြည်လို့ရော၊ တချိန်မေမေမရှိတော့ရင် မေမေ့သားလေးအနားမှာ ဆိုးတိုင်ပင်၊ကောင်းတိုင်ပင်တော့ ဖြစ်တန်ကောင်းပါရဲ့ဆိုပြီး မေမေတို့လက်ခံပေးခဲ့ပါတယ်။"

"ကျွန်တော်နားလည်ပြီး ကျေးဇူးလဲတင်ရပါတယ်။"

"ချစ်သူနှစ်ဦးကြား ဒီလိုကိစ္စမျိုးဆိုတာ တချိန်ရှိလာမှာကိုမေမေနားလည်ပါတယ်။ ဒါပေမဲ့ သူတကယ်ကြီး ယုံကြည်ချစ်ခင်ထားတဲ့သူ၊ သူ့ကိုနားလည်ပေးသူလို့ သူယူဆထားတဲ့သူဆီက ကျိန်စာတိုက်တယ်ဆိုတဲ့ စကားလုံးကိုရော၊ ဒီလိုမျိုး အတင်းအကြပ်ရယူတော့မယ့် ပုံစံမျိုးကိုရော ရလိုက်တဲ့ ကောင်းဆက်က တော်တော်လေးတော့ တုန်လှုပ်နေပါတယ်။ ဘာကြောင့်များ မေမေ့သားအပေါ် Shane က အဲ့ဒီလို လုပ်ခဲ့ရတာလဲ။ မေမေ့သားအပေါ် တကယ်ပဲ Shane ရဲ့ ရုပ်သေးရုပ်လေးလို ဘာလုပ်လုပ် ရတယ်လို့များတွေးပြီး စမ်းသပ်လိုက်တာလား။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now