Chapter - 48

7.3K 830 44
                                    

အရာအားလုံးက ယခင်ကအတိုင်း မဖြစ်လာသေးသော်လည်း အကုန်လုံးက Normal အချိန်ကိုရောက်ဖို့ အင်တိုက်အားတိုက်ကြိုးစားခဲ့ကြသည်။ ၃ ဆိုသောအချိန်ကာလအတွင်း နိုရာမှာစကားပြောရာတွင် အရင်လိုထိန်းပြောစရာမလိုတော့၊ wheelchair ကိုသာ အသုံးပြုနေရပေမယ့် လက်နှစ်ဖက်ကား အတော်ကိုသန်မာကောင်းမွန်လာခဲ့ပြီမို့ မျက်နှာသုတ်ခြင်း၊ ​ခေါင်းဖြီးခြင်း၊ ထမင်းစားခြင်းစသည့် တကိုယ်ရေကိစ္စများကို သူ့ဘာသာသူ လုပ်နိုင်နေခဲ့ပြီဖြစ်သည်။ Devin မှာ နိုရာကို​စောင့်​ရှောက်ရင်း ဖခင်ရဲ့ဆေးရုံမှာ အလုပ်ပြန်ဝင်နေပြီဖြစ်ပြီး Shane မှာတော့ နိုင်ငံခြားရုံးခွဲသွားလိုက်၊ ပြန်လာလိုက်ဖြင့် နားပင်အနားရ။

မိမိကြိုတင်မြင်ထားသည့် Shane ရဲ့သေဆုံးခြင်းနဲ့ ပတ်သတ်လို့ ​ကောင်းဆက်သတိထားစမြဲ၊ Shane ခရီးထွက်နေချိန်ဆိုရင်တော့ ပူပန်စရာမလိုသော်ငြား ခရီးသွားစရာမရှိသည့်အခါမှာတော့ သောကြာနေ့တိုင်း ရုံးဆင်းချိန်ဆို နိုရာ့ဆီ​ခေါ်​ခေါ်သွားကာ စကား​ပြောကြပြီး ည၈နာရီရောက်မှ အိမ်ပြန်စေခဲ့သည်။ နားထဲသို့တိုးဝင်လာသည့် ဖုန်းသံသဲ့သဲ့ကြောင့် အိပ်ချင်မူးတူး မျက်လုံးတွေကို ပွတ်သတ်ကာ ​ကောင်းဆက်ဖုန်းလှမ်းယူလိုက်သည်။ အခန်းထဲကား ​မှောင်နေဆဲသာရှိဆဲပင်။

"ဟဲလို..."

"Happy Birthday pookie။ မွေးနေ့ရှင်က အိပ်နေတာလား။ "

"အခုမှ ည၁၂ပဲရှိသေးတာကို။"

ထိုသို့ဆိုလိုက်သော်လည်း အစောဆုံးရရှိလိုက်သည့် ချစ်ရသူထံက မွေးနေ့ဆုတောင်းကြောင့် ကောင်းဆက်နှုတ်ခမ်းအစုံက ပြုံးလို့နေခဲ့သည်။

"အင်းလေ ၁၂ ဆိုရင်ပဲ Pooks ရဲ့မွေးနေ့ရောက်ပြီလေ။ ကိုယ့်ထက်သူများဦးမှာစိုးလို့ အတိအကျကိုဆက်လိုက်တာ။ ပျော်ရွှင်ပါစေ Pooks ကိုယ့်ကိုအမြဲချစ်နေပေးပါ။ ကိုယ်ကပထမဆုံး မဟုတ်လား"

"မဟုတ်ဘူး နိုရာကအရင်"

ထိုသို့ဆိုတော့ တဖက်ကရယ်လာသည့် Shane ရဲ့ရယ်သံကို ဖုန်းထဲကနေကောင်းဆက်ကြားနေရသည်။

"ဘာရယ်တာလဲ"

"နိုရာက ည၁၀နာရီနောက်ဆုံးထားပြီး အိပ်ရာဝင်ရတယ်ဆိုတာ ကိုယ်သိနေတာကို"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now