Chapter - 49 🚫

13.5K 923 72
                                    

Warning - ဒီအပိုင်းမှာ သွေးသံရဲရဲများနှင့် ရက်စက်စွာသတ်ဖြတ်ခြင်းများ ပါဝင်တာမို့ ကြောက်တတ်သူတွေ၊ နှလုံးမကောင်းသူများအနေနဲ့ ဖတ်ရှုခြင်းမပြုရန် အသိပေးချင်ပါတယ်ရှင်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ကားဆီသို့ အသည်းအသန်သွားခဲ့​ပေမယ့် လက်ဆောင်ရထားကတည်းက ကားပါကင်မှာ ရပ်ထားတာဖြစ်လို့ မကျွမ်းဝင်စွာ ဘာကိုနှိပ်လို့နှိပ်ရမယ်မှန်း ကောင်းဆက်မသိပေ။ စတင်မောင်းထွက်လာနိုင်ချိန်မှာ​တော့ အချိန်က 16:20 PM ။ Shane ဧ။်​နေအိမ်နှင့် company က အနည်းငယ်လှမ်းနေတာကြောင့် မိုင်ကုန်တင်ကာမောင်းထွက်လာရသည်။

ဘုရားသခင် ဒီတကြိမ်တော့ အချိန်မှီခွင့်ပေးပါ။ အချိန်မှီရောက်ပါရစေ အစွမ်းတွေအကုန် သိမ်းသွားမယ်ဆိုလည်း ဖြစ်တယ်။ တတိယမြောက်ကြုံရမယ့် ကိုယ့်ရဲ့​သေကံကမလွတ်မြောက်ဘူးဆိုလည်း ​ကျေနပ်တာမို့ အချိန်လေးပဲ မှီခွင့်ပေးပါ။

နှုတ်ကခပ်တိုးတိုးရေရွတ်ကာ လက်ကဟွန်းတချိန်လုံးတီးနေပြီး လမ်းတစ်လျှောက်ပေါ်က ကားကြီးကားငယ် မှန်သမျှကိုကျော်ခွကာ တကြိမ်မှမမောင်းဖူးသောအရှိန်ဖြင့် ကောင်းဆက် မောင်းနေခဲ့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လက်နှစ်ဖက်ကိုချုပ်ထားသည့် ခံစားချက်နဲ့ မျက်လုံးပေါ်က အ၀တ်စတခု၊ ဒါဟာ Shane အိပ်ရာနိုးနိုးခြင်း ခံစားလိုက်ရသည့် ခံစားချက်ပင် ဖြစ်သည်။ မနေ့ညက အတော်နောက်ကျမှ အိမ်ပြန်ရောက်ခဲ့ပြီး မနက်စောစောမှာလဲ ရုံးသို့ဖုန်းဆက်ကာ ကိစ္စတချို့မှာကြားပြီးနောက် နွမ်းနယ်ကိုက်ခဲနေသည့် ​ခေါင်းကိုက်သက်သာစေဖို့ရာ ဆေးသောက်ပြီး အိပ်ရာဝင်ခဲ့သည်။ အသိစိတ်ဝင်လာတော့ လက်တွေမှာ ချုပ်ထားခြင်းခံရပြီး မျက်လုံးတွေပေါ်မှ အဝတ်စတခုကြောင့် ခေါင်းကိုဘယ်ညာယမ်းကာ ခါထုတ်နေခိုက်မှာပင်

"နိုးပြီလား"

"ဘယ်သူလဲ"

"​အော် ဟုတ်သားပဲ မျက်လုံးကိုအုပ်ထားမိတာကိုး"

ဟုဆို၍ မျက်လုံးပေါ်က အ၀တ်စကွယ်ပျောက်ပြီးတဲ့နောက်မှာ မျက်နှာအနား အနီးကပ်ပေါ်လာတဲ့ မျက်နှာတခုကို ရှင်းရှင်းလင်းလင်းကြီး ​တွေ့လိုက်ရသည်။ ထိုလူက မျက်နှာပေါ် ခနဲ့ပြုံးဟုမှတ်ယူရမည့် အပြုံးတခုတပ်ဆင်ထားပြီး..

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now