💌

5.4K 487 41
                                    

(Unicode)


Fiction တစ်ပုဒ်ပြီးတိုင်း မထည့်လို့မဖြစ်တဲ့ကဏ္ဍက ကျေးဇူးတင်စကားပြောချင်တာပါပဲ။ ကိုယ်ရေးတာလေးကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ လိုအပ်ချက်တွေရှိသည်ဖြစ်၊ မပြည့်စုံသည်ဖြစ်စေ အဆုံးထိလိုက်ပါဖတ်ပေးသူတိုင်းကို ဖီကစိတ်ရင်းနဲ့ ကျေးဇူးအများကြီးတင်ကြောင်း ပြောပါရစေ။

ကိုးကိုးနဲ့တေးတေးတို့တင်မက တင်နီလာဝင်းတို့၊ မိုးယုတို့၊ မေမေကြီးတို့ ဒီလိုဇာတ်ကိုဝိုင်းပို့ပေးတဲ့သူတွေကိုပါ အပိုခံစားပေးလို့ အတိုင်းမသိကြည်နူးရပါတယ်၊ ပျော်ရွှင်ရပါတယ်။

ကိုးကိုးတို့ကို One shot ကနေ Mini-story အနေနဲ့ဆက်ရေးတဲ့အခါ ဖီ့အတွက် ခက်ခဲခဲ့တယ်၊ အချိန်ယူရေးရတယ်။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက ဆရာဝန်တွေဖြစ်နေကြတာပဲ။ ဆရာဝန်ဇာတ်ရုပ်ဆို မကျွမ်းကျင်လွန်းလို့ ရေးဖူးသမျှရှောင်ခဲ့တာ ဒီ Fic ကျမှပဲ ဖတ်လိုက်ရတဲ့စာ၊ ရှာလိုက်၊ မေးလိုက်ရတဲ့ ဆရာဝန်တွေအကြောင်း၊ ရောဂါတွေအကြောင်းဆိုတာ စုံလို့ပေါ့။

YGH ရှေ့ကဖြတ်တောင်မသွားဖူးတဲ့ ဖီ့ခမျာ ဒါစရေးပြီဆိုကတည်းက အစ်မ၊ ညီမတွေမေး။ Google နာနာခေါက်ပြီး Ward တွေအကြောင်း၊ CME တွေ၊ Presentation တွေ၊ House Surgeon life တွေအကြောင်း နာနာသိအောင်လုပ်ပြီး ရေးရတယ်။ ဆေးပညာဆောင်းပါးတွေလည်း ဟဲလိုဆရာဝန်လိုသေချာရေးတင်တဲ့ website တွေမှာ ဝင်ကြည့်ရတယ်။ တေးတေးတို့လို HS လေးတွေဘဝကိုတော့ Fb မှာ HSလေးတွေတင်တာ မှာရသမျှလိုက်ဖတ်ကြည့်ရင်း သိတာပါ။ ဒါတွေပြန်ကိုးကားရေးပေါ့လေ။

ဖီသာ ဒီဆေးပညာနယ်ပယ်ကလူဖြစ်ရင် ပိုရေးနိုင်မှာပဲလို့တွေးမိပေမဲ့ ခုရေးခဲ့တာတွေလည်း ကြိုးစားလေ့လာခဲ့တာမို့ ဖတ်ရအဆင်ပြေမယ်တော့ထင်ပါတယ်။ ဒီနေရာမှာ Medical field အကြောင်းတွေ ပြောပြပေးပြီး၊ တင်ခါနီးဆို အမှားရှာစစ်ပေးကြတဲ့ မမ @Khinhnin12 နဲ့ ၊ ညီမလေး SakuraRain2000 ကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ဆေးပညာအကြောင်းတွေကို သေချာရေးမတင်ရဲပါဘူး။

နောက်ပြီး ကိုးကိုးတို့၊ တေးတေးတို့ကို ချစ်လို့မြတ်နိုးလို့ Review ရေးကြ၊ အချင်းချင်းညွှန်းပေးကြတဲ့သူတွေကိုလည်း ဖီကအများကြီးကျေးဇူးတင်ပါတယ်နော်။ Fic တစ်ခုအတွက် Review ဆိုတာကလည်း အသက်သွေးကြောတစ်ခုလိုပါပဲ။

သင်္ကြန်မောင်Where stories live. Discover now