Chapter - 50

8.7K 910 41
                                    

နာမည်ကိုခေါ်နေသည့် အသံတခုက အိမ်မက်လိုလို တကယ်လိုလိုနဲ့ ဖြစ်နေရာက မျက်လုံးဖွင့်ကြည့်လိုက်စဉ်မှာ ရိပ်ခနဲမူးသွားသည့်ခေါင်းကြောင့် Shane အသာပြန်မှိတ်လိုက်ရသည်။ နိုးနိုးလာချင်းမှာ စိတ်ထဲဝင်လာတာက ​ကောင်းဆက်​ရော ဆိုသည့်အချက်ဖြစ်ပြီး သတိလက်လွတ်ထထိုင်တော့မည့် ခန္ဓာကိုယ်ကို တစုံတ​ယောက်ကဖိချထားသည်။

"သတိရပြီလား။ မထနဲ့ဦး ဗိုက်ကဒဏ်ရာလည်း ရှိသေးတယ်"

"Pooks ​ရော ​ကောင်းဆက်​ရော ​ကောင်းဆက်ဘယ်မှာလဲ Devin"

"သူလဲ ခွဲစိတ်ထားရတာပေါ့"

"သူ ဘာဖြစ်သွား​သေးလဲ သတိရပြီလား"

"မရသေးဘူး နည်းနည်းကြာဦးမယ်။ မင်းတောင်တရက်လုံးလုံးပဲ သတိမရတာ "

"သူ့ အခြေအနေဘယ်လိုရှိလဲ Devin"

"​ကောင်းပါတယ် မင်းသာ ​သေချာအနားယူပါဦး"

"ငါ သူ့ကိုသွားကြည့်ချင်တယ်"

"မရဘူး မင်းနားရမယ်။ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်စမ်း ရစရာကိုမရှိဘူး"

"ဒါပေမယ့် ငါတစက်ကလေးမှ မနာဘူး။ မင်းခွဲထားတဲ့ဗိုက်က ခွဲစိတ်ဒဏ်ရာလေးက လွဲလို့ငါမနာဘူး။ အဲ့ဒါကြောင့် ငါသူ့ဆီသွားပါရစေ ငါသူ့ကိုတွေ့ချင်တယ်"

Shane ရဲ့ဝေဒနာမှန်သမျှ ကောင်းဆက်လွှဲယူခဲ့သည်တိုင် ဆေးရုံလာရာလမ်းတစ်လျှောက် ထွက်နေခဲ့သည့်သွေးကများခြင်း၊ ကျိုးနေသည့်ခြေချောင်းလေးများနှင့် ညို့သကျည်းဒဏ်ရာက ဝိတ်ကိုထမ်းကာ လမ်းလျှောက်မှုကြောင့် ဒဏ်ဖြစ်သွားခြင်း၊ အသည်းကိုခွဲစိတ်ထားရခြင်းအပြင် သတိရကာစ အခြေအနေမှာ Shane ကို Devin က​တော့ အိပ်ရာထတောင် မထစေချင်​သေး​ပေ။

"မင်း အခုမှသတိရကာပဲ ရှိ​သေးတာ Shane။ မင်း မနာဘူးဆိုပေမယ့် မင်းခြေချောင်းတွေ ကျိုးကြေနေတာတွေ ညို့သကျည်း အရိုးအက်သွားတာတွေ၊ လက် ဗိုက်နဲ့ ရင်ဘတ်ပေါ်က ဓားနဲ့မွှန်းခံရတာတွေက ဒဏ်ရာအတိုင်း ရှိနေတုန်းပဲလေ ။ ​ကောင်းဆက်ရဲ့ အခြေအနေကို မင်းသိချင်တာ မဟုတ်လား။ ငါအကုန်ပြောပြမယ်"

"သူ ခဏ​နေ နိုးလာမှာလား Devin ။ ဟုတ်လား"

"မပြောတတ်သေးဘူး ကြာဦးမယ် တရက်၊ နှစ်ရက်လောက်ပေါ့..."

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now