Chapter - 52 [Completed]

16.4K 971 128
                                    

နာမည်ကြီး ဟိုတယ်တခုမှာကျင်းပသည့်မင်္ဂလာပွဲ၊ နာမည်ကြီး ​ဆေးရုံအုပ်ရဲ့သားဖြစ်သူပွဲတခုပေမို့ ခန်းမကြီးက ကြီးကျယ်ခမ်းနားလို့ တက်ရောက်လာသူတိုင်းကလဲ ဒိတ်ဒိတ်ကြဲအသိုင်းအဝိုင်းများသည်။ မေမေက နိုရာ့မိဘတွေထံ တန်းသွားသည်မို့ မိမိနှင့် Shane သာ ကျန်နေခဲ့ပြီးနောက်...

"Shane ကျွန်တော်နိုရာဆီသွားဦးမယ်။"

"သွားလေ ကိုယ်လဲ Devin ဆီသွားမယ်"

ခန်းမဆီမှပြန်ထွက်ခဲ့ပြီး နိုရာ့ကိုပြင်ဆင်ပေးနေသည့် အခန်းအတွင်းသို့ ကောင်းဆက်ထွက်လာခဲ့ပြီး တံခါးအဖွင့်မှာတင် မှန်မှတဆင့် လှမ်းမြင်လိုက်သည့် နိုရာက

"ဟာ....ကောင်းဆက် နောက်ကျလိုက်တာကွာ "

ဟုဆိုကာ မိမိထံသို့လျှောက်လာခဲ့သည်။ Acciden ဖြစ်ခဲ့သည်မှာ ၂နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြန်လည်လေ့ကျင့်ရေးကို ကိုယ်တိုင်ရော၊ စက်အကူကိရိယာများနဲ့ပါ ကြိုးစားပမ်းစား နိုရာလုပ်ခဲ့သည့် အကျိုးဆက်ကား ဤကဲ့သို့ လမ်းပြန်လျှောက်နိုင်ခြင်းပင်ဖြစ်သည်။ လူကောင်းပကတိလို ခပ်မြန်မြန်မလျှောက်နိုင်သေးသော်လည်း၊ မပြေးနိုင်သေးသော်လည်း ခပ်ဆဆလေးဖြင့် ​လျှောက်လာနိုင်ခြင်းကိုက အကြီးမားဆုံးသော ဆုလာဒ်တခုပင်။ အနားရောက်လာသည့်နိုရာကို ကောင်းဆက် သိမ်းကြုံးဖက်ပစ်လိုက်ကာ...

"လက်နဲ့မဆန့်တော့ဘူး နိုရာ။ ​စောက်စားလျှော့ပါဦး။"

"မင်းတို့ပဲအမျိုးမျိုးနော်။ ဟိုးလွန်ခဲ့တဲ့ လတွေတုန်းကတော့ နိုရာ...စား၊ စားမှအားရှိမှာဆို...။ ဘယ်လိုလဲ ငါဒီနေ့ခန့်ရဲ့လား။"

အသက်အောင့်ကာဗိုက်ရှပ်မေးလာသည့် နိုရာ့ဗိုက်ကိုလှမ်းရိုက်လိုက်ကာ...

"ဝက်သိုးကြီးလိုပဲ..."

ဟုဆိုလိုက်သော်လည်း လည်ပင်းမှာဖဲပြားပါ အကျီအဖြူ၊ ဆင်စွယ်ရောင်အပေါ်ထပ်၊ ​ဘောင်းဘီရှည်၊ ဖိနပ်အဖြူ၊ ရင်ဘတ်ကအိပ်ကပ်လေးမှာ ပန်းလေးထိုးထားသည့် နိုရာကတကယ့်ကို ခန့်ခန့်ညားညားကြီးပင်။ သေသပ်စွာဖီးသင်ထားသော ဆံပင်များနှင့် ရွှေရောင်မျက်မှန်ကိုင်းအောက်မှ မျက်လုံးတစ်စုံက ယနေ့ကဲ့သို့သော သူ့ဘဝရဲ့အမှတ်တရ ​နေ့ရက်အပေါ် ကြည်နူးစွာတောက်ပလို့နေသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now