remembrance to MNS

8 2 0
                                    


အိမ်မပြန်နိုင်တော့တဲ့ ပန်းတစ်ပွင့်အကြောင်း

"ဟယ်လို"

"မင်းထိုက်....... သူဆုံးသွားပြီ"

"တီ...တီ...တီ............"
___________

2017 ရန်ကုန်တက္ကသိုလ်

Paper 1 Tr. : မင်းထိုက်ကိုတွေ့ရင် ငါ့ကိုလာတွေ့ဦးလို့ပြောလိုက်။ အတန်းချိန်တစ်ချိန်မှလာမတက်ဘဲနဲ့ ဒီကောင်ဘောလုံးချည်းကန်နေတယ်။

Paper 2 Tr. : မင်းထိုက် ဒီနေ့မလာဘူးလား။ အဲ့ကောင်လေးကိုဟိုးနေ့ကတွေ့တော့ အတန်းလာခဲ့ဖို့ပြောတာ ဟုတ်ကဲ့ဆိုပြီး ရောက်မလာပြန်ဘူး။

Paper 3 Sir. : ဘောသမား အဆောင်မှာရောရှိရဲ့လား။ အတန်းထဲလာမလာဘူး။ ငါ့အဆောင်မှာလည်းမတွေ့ဘူး။ နောက်အပတ် ကျက်စာတွေပေးတော့မှာ အဲ့ကောင်လေးကို အတန်းထဲရောက်အောင်ခေါ်ခဲ့ဦး။

Paper 4 Tr. : ဟိုကလေးမင်းထိုက်အတန်းမလာရင် ငါ့ပေပါကျက်စရာ၊ တွက်စရာရွေးပေးမယ်မထင်နဲ့။ ကျန်တဲ့အတန်းမလာတဲ့သူတွေပါခေါ်ပြောလိုက်။

Minor Tr. : မင်းထိုက်ဆိုတဲ့ကလေးက ကျောင်းစဖွင့်ကတည်းကမတွေ့ရဘူးနော်။ တီချယ်တို့က ဒီပါ့မန့်မတူတော့ အောင်မှတ်အတွက်စကားပြောရတာခက်တယ်။ အတန်းလာဖို့ပြောလိုက်ပါဦး။

_______________

2018 - 2020 ရန်ကုန်တက္ကသိုလ်

Paper 1 Tr. : မင်းထိုက် အတန်းမလာ........

Paper 2 Tr. : ဟိုကောင်ဒီနှစ်လည်းအတန်းမလာပြန်ဘူး..............

Paper 3 Tr. : ........

Paper 4 Sir : ..............

_______________

Friend 1 : မင်းထိုက် နင့်ကိုအနိုင်ကျင့်ပြန်ပြီလား။ သူရေးရမဲ့စာတွေ နင့်ကိုရေးခိုင်းနေပြန်ပြီ။ သူကျ ဘောလုံးကန်လိုက် ဂိမ်းဆော့လိုက်နဲ့ အတန်းလည်းမလာဘူး။ ခုလည်းအဲ့ကောင်အိပ်နေပြန်ပြီမလား။ နင့်အပေါ်ကောင်းတာလည်းမဟုတ်ဘဲ ပြန်ဆက်သွယ်မနေနဲ့။ အဲ့ကောင်ထက် နင့်အပေါ်ကောင်းတဲ့သူတွေတပုံကြီး။

Friend 2 : ဟို‌အေဘေးမင်းထိုက် နင့်ကိုပိတောက်ပန်းတွေလာပို့တယ်။ အဆောင်ရှေ့မှာတွေ့ခဲ့တာ။ တကိုယ်လုံးမှာလည်း ဖုန်တွေချည်းပဲ။

A Hero who will never come back homeWhere stories live. Discover now