𝐒𝐞𝐚𝐧'𝐬

4.7K 309 19
                                    

[ Unicode]

| Sean ဟာလူတိုင်းရဲ့ကိုးကွယ်ရာဆို
Seanရဲ့ကိုးကွယ်ရာနတ်ဘုရားလေးက
Wang ဟုအမည်တွင်သည် |

___________________Koe_____________________

" Sean .. ၊ God gang ကလူကြီးမင်းကတွေ့ဖို့တောင်းဆိုနေပါတယ် "

ဝတ်စုံအပြည့်အားသေသပ်စွာဝင်ဆင်ထားသည့်ထောင်ထောင်မောင်းမောင်းလူကြီးထံမှထွက်လာသည့်အသံက လေးနက်မှု့နှင့်အတူ ငြိမ်သက်ကိန်းဝပ်နေကြောင်းပေါ်လွှင်နေသည် ။

" God gang ... "

ဆုံလည်ကုလားထိုင်ပေါ်တွင်စမတ်ကျကျထိုင်နေသူထံမှထွက်လာသည့်သြရှရှအသံဟာ အရာရာအားလွှမ်းမိုးနိုင်သည့် အရှိန်အဝါအလုံးစုံတို့ကိန်းဝပ်နေလျက် ။

" ဟုတ်ပါတယ် Sean "

" ငြင်းလိုက် "

" ဟုတ်ကဲ့ Sean "

Sean .. Seanဆိုတာ ဒုစရိုက်မှောင်ခိုတစ်‌လောကလုံးယှဉ်ပြိုင်နိုင်သူမရှိ ၊ အင်အားအကြီးမားဆုံး
Phoenix gang ခေါင်းဆောင် ။ Sean ဆိုသည့်နာမည်တစ်လုံးနဲ့တင် လူတိုင်းကြောက်ရွံ့အောင်လုပ်နိုင်သလို နေ့ချင်းညချင်းကြီးပွားသွားအောင်လုပ်နိုင်သည် ။

Sean ဟာ နံပါတ် 2 ဆိုရင် နံပါတ် 1 နေရာတွင်မည်သူမျှနေဖို့မရဲချေ ။ အဲ့ဒီလောက်ထိseanရဲ့အာဏာစက်က ပြင်းပျသည် ။ Gangster လောကတွင် Sean ဟူသည့်လူအားမျက်နှာတောင်မတွေ့ဘူးပါဘဲ နာမည်ကလေးတစ်လုံးနဲ့တင် အရှိန်အဝါများစွာကိန်းဝပ်နေလျက် ။

Sean ဆိုသည့်နာမည်တစ်လုံးနဲ့တင် ငွေမဲကိုငွေဖြူပြောင်း ၊ အမှားကိုအမှန်ဖြစ်အောင်လုပ်လို့ရနိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ Sean ၏နာမည်အားထုတ်သုံးဖို့မဝံ့ရဲကျချေ ။

Sean ဟာအဲ့ဒီလောက်ထိ အရှိန်အဝါပြင်းတဲ့ ခေါင်းဆောင်တစ်ယောက် !

" ကျိုးယွမ်ကိုလွတ်လိုက် ၊ မင်းသွားတော့ "

" ဟုတ်ကဲ့ Sean "

ထိုဗလတောင့်တောင့်ဖြင့်လူကြီးမှာနွံကျိုးစွာခေါင်းငုံ့လို့ အပြင်ကိုထွက်သွားပြီးမကြာ ။ လူတစ်ယောက်ဝင်ရောက်လာလေသည် ။

ထိုသူက ကျိုးယွမ် ၊ ကျိုးယွမ်ဆိုတာ seanရဲ့ညာလက်ရုံး Seanဟာ ဒုစရိုက်လောကရဲ့ဘုရားသခင်ဆို ကျိုးယွမ်ဟာseanရဲ့စစ်သူကြီး ။

You've reached the end of published parts.

⏰ Last updated: Aug 14, 2022 ⏰

Add this story to your Library to get notified about new parts!

𝐒𝐞𝐚𝐧'𝐬Where stories live. Discover now