Extra

12.6K 879 56
                                    

ပြတင်းပေါက်ဆီမှ နေရောင်နုနုလေးကား Kitchen ထဲထိ ဖြာကျနေသည်။ နှပ်ထားသည့် ကော်ဖီမရသေး၍ စောင့်ဆိုင်းနေချိန် ကောင်းဆက်မျက်လုံးများက တဖက်နေအိမ်ရဲ့ခြံထဲသို့ရောက်ရှိသွားရသည်။ မေမေက အဒေါ်ဖြစ်သူနှင့် တစုံတခုကို ပြောကာ ရယ်မောနေဟန်။ ဘေးချင်းကပ်ရက်နေအိမ်တွေမို့ ကိစ္စကြီးငယ်ရှိတိုင်း မေမေ့ဆီအလွယ်တကူ ကူးသွားလို့ရပေမယ့် ကောင်းဆက်တို့သွားသည့် အကြိမ်ရေထက် မေမေကူးလာသည်က ပိုများသည်။ အခုလဲကူး​တော့မည့်ပုံပင်။

နှပ်ထားသည့် ကော်ဖီရသည့်အခါ အပူခံခွက်လေးထဲပြောင်းထဲ၍ Sweet Patato Oatmeal လေးကိုပါ ပန်းကန်လေးထဲထည့်ကာ အိပ်ခန်းရှိရာသို့ပြန်လာခဲ့သည်။ Shane အိပ်နေဆဲဖြစ်လို့ လိုက်ကာတွေတောင်မဖယ်ရသေး ရေအရင်ချိုးဖို့စိတ်ကူးရကာ ရေချိုးခန်းထဲရောက်လို့ ရေပန်းဖွင့်စအချိန်မှာပင်...

"အဲ့...အဲ့"

ဟူသော သားရဲ့ငိုသံကြောင့် ရေပန်းပြန်ပိတ်ကာ ပုဝါလေးပတ်၍ ထွက်ရန်ပြင်လိုက်သည်။ သို့သော် သားရဲ့ငိုသံကချက်ချင်းတိတ်ကျသွားပြီး ချော့မြူသံကိုပါကြားလိုက်ရတော့သည်။

"Daddy ရဲ့ သားသား နိုးပြီပဲ။ Daddy pooks က ရေချိုးနေတယ် သားရဲ့..."

အိပ်ရာနိုးကာစ အသံလုံးလုံးနဲ့လှုပ်ရှားမှုများအရ သားနိုးလာလို့ Shane ပါနိုးကာ ချီ၍ ဟိုဟိုဒီဒီ လမ်းလျှောက် ​အောက်ထပ်ဆင်းသွားပြီး ထိန်းနေပုံရသည်။ မကြာမီမှာပင် ရေချိုးခန်းတံခါးကို ခပ်ဖွဖွခေါက်လာကာ

"Pooks? မေမေရောက်နေပြီ ။ ကိုယ် ကလေးကိုမနက်စာ ​ကျွေးလိုက်မယ်နော်။ ပြင်ထားပြီးသားလား"

"ပြင်ထားတယ်။ ထမင်းစားခန်းမှာ သားအတွက် Sweet Potato Oatmeal နဲ့ ကျွန်တော်တို့ စားဖို့ကတော့ ကော်ဖီပဲနှပ်ရသေးတာ။ရေမြန်မြန်ချိုးပြီး ကျန်တာလုပ်ပေးမယ်။"

"မေမေက ထမင်းကြော်ယူလာတယ်တဲ့။ Pooks သာရေမြန်မြန်ချိုးနော် ကိုယ်အောက်ဆင်းနှင့်မယ်။"

"ဟုတ်ဟုတ်...."

ရေမြန်မြန်ချိုး၍ သဘက်လေးပတ်ကာ အပြင်သို့လှမ်းထွက်လိုက်သည်နှင့် တစုံတယောက်ရဲ့ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီး မျက်နှာပြင်အနှံ့ကိုပါ နမ်းရှုံ့လာသည်။ ရိတ်သင်ထားသော​ကြောင့် စိမ်းညှိုပြီးတိုစိစိ နှုတ်ခမ်းတစုံ​ရဲ့ အထိအ​တွေ့က ယားလာသည့်အခါ ကောင်းဆက်မှာ အတင်းပြန်တွန်းထားရတော့သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now