ဆက်အသင်္ခယာရှိန်း@wookie

7.2K 438 15
                                    

Hello မမတို့ သားနာမည် "ဆက်အသင်္ခယာရှိန်း"ပါ။
ဖေဖေရှိန်းနဲ့ဖေဖေကောင်းဆက်က သားကို "သင်္ခယာ"လို့ခေါ်ကြတယ်။
ဖေဖေရှိန်းက သားကို "wookie" လို့လဲခေါ်သေးတယ်။

"ဆက်အသင်္ခယာရှိန်း" က ကိုယ်ရဲ့ပထမဆုံးမြေးဇတ်ကောင်လေးပါ။ Artist Pann Eain က ကိုယ်ပြောပြခဲ့တဲ့ ပုံစံအပေါ် ကောင်းဆုံးပုံဖော်ပေးခဲ့ပါတယ်။ "ဆက်အသင်္ခယာရှိန်း" ဘယ်လိုမွေးဖွားလာခဲ့လဲဆိုတာကို ရှင်းပြချင်ပါတယ်။

Signs Of The Fate ကိုစရေးတုန်းက "ကလေးလေး" အထိထည့်ရေးမယ်လို့ မစဉ်းစားထားခဲ့ဘူး။ M preg မရေးဘူးလို့ ဆုံးဖြတ်ထားခဲ့လို့ပါ။ ဒါပေမဲ့ ဇတ်သိမ်းပိုင်းလေးကို ရေးရင်းနဲ့ ရေစက်ဆိုးတွေပြီးဆုံးသွားပြီး ပျော်စရာတွေနဲ့ ဘဝရှေ့ခရီးဆက်ကြတော့မယ့် စုံတွဲ၂တွဲအတွက် သူတို့တွေရဲ့သွေးသား ဆိုတာလေးကို ဖန်တီးပေးချင်လာခဲ့တယ်။ ဒါကြောင့် Via Surrogate (အဌားကိုယ်ဝန်ဆောင်နည်းလမ်းလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့) နည်းနဲ့ ကလေးလေးတစ်ယောက်စီ မွေးခဲ့ကြပါတယ်။

Surrogate Mother (အဌားကိုယ်ဝန်ဆောင်) ဆိုတာ (သိပြီးလောက်ပေမယ့် ရေးပြချင်လို့ပါ) မေထုန်မဲ့ (ကိုယ်လက်နှီးနှောခြင်းမရှိ) ယူဆောင်ထားတဲ့ Sperm (သုတ်) ဖိုမျိုးဥကို သားအိမ်ထဲထည့်ပြီး ကိုယ်ဝန်ဆောင်ခြင်းပါ။ အဲ့ဒီအချိန်မှာ ကိုယ်တွေးမိလာတာက Surrogate Mother အတွက် ဘယ်သူ့ရဲ့ Sperm ကိုသုံးမှာလဲဆိုတာပါပဲ။ ရှိန်း or ကောင်းဆက် နှစ်ယောက်ထဲက တစ်ယောက်ရဲ့ sperm ကိုသုံးမှာလား ။ နိုရာတို့ဆိုရင်လဲ နိုရာလား Devin လားပေါ့။

နှစ်ယောက်ထဲကတစ်ယောက်ရဲ့ sperm ကိုပဲယူမယ်ဆိုရင် ကလေးရဲ့DNA ကလဲ တစ်ယောက်တည်းရဲ့DNA သာပါမှာဆိုတော့လေ သိပ်သဘောမကျပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ယောက်စလုံးရဲ့ DNA လေးပါစေချင်ပြီး နှစ်ဦးစလုံးနဲ့ သက်ဆိုင်တာမျိုးလေး သိပ်လိုချင်လို့ လိုက်ရှာဖွေကြည့်ခဲ့ရာက တခုကိုတွေ့ခဲ့ပါတယ်။ ခိုင်မာတဲ့/သေချာတဲ့ Source တော့ ဟုတ်ချင်မှဟုတ်မှာပေမယ့် ကိုယ်လိုချင်တာလေးမို့လို့ အတည်ယူလိုက်ပါမယ်။ စာထဲမှာက...

လိင်တူ Gay couple မှာ ကလေးရယူတော့မည့်အခါ အဌားကိုယ်ဝန်ဆောင်အတွက် ဘယ်သူရဲ့ sperm ကိုပေးမလဲဆိုတာကို ပုံမှန်အားဖြင့် တိုင်ပင်ကြရပါတယ်။ တခါတရံမှာတော့ မွေးဖွားလာမယ့်ကလေးက နှစ်ဦးစလုံးနှင့်သက်ဆိုင်သည့် ကလေးဖြစ်လိုရင် သန္ဓေသားလောင်းမဖြစ်ခင်မှာပဲ နှစ်ဦးစလုံးရဲ့ Sperm ကို mixed လုပ်ပြီးမှ Surrogate Mother ရဲ့ သားအိမ်ထဲမှာထည့်သွင်း သန္ဓေတည်စေနိုင်ပါတယ်တဲ့။ (သင့်တော်အောင်ပြန်ဆိုထားခြင်းဖြစ်လို့ အတိအကျတော့မဟုတ်ပါ)။ အဲ့ဒီအတွက်ကြောင့်...

အိုလီဗီယာရှိန်း + ကောင်းဆက်ဂျေဒင်တို့ရဲ့သားလေး
"ဆက်အသင်္ခယာရှိန်း" နဲ့

ဒယ်ဗင်ဂျေကော့ဖ် + နိုရာမင်းမောင်တို့ရဲ့သမီးလေး
"စကားလက်နိုရာဂျေကော့ဖ်"

က အဖေနှစ်ဦးလုံးနဲ့သက်ဆိုင်တဲ့ ကလေးအဖြစ်မွေးဖွားခဲ့ခြင်းပါ။ ဖေဖေရှိန်းဆီက အမွေရတဲ့ မျက်လုံးလေး မျက်တောင်လေးတွေနဲ့ ဖေဖေကောင်းဆက်ဆီကရတဲ့ အသားအရည်၊ ဆံပင်နက်နက်လေးတွေပိုင်ဆိုင်ထားတဲ့

ဆက်အသင်္ခယာရှိန်း@wookie ပါ။

ပုံယူသုံးစွဲခြင်း ခွင့်မပြုပါရှင်။

ပုံယူသုံးစွဲခြင်း ခွင့်မပြုပါရှင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now