Unicode

497 99 4
                                    

မိုးရဲ့အရသာကို သိရှိချင်ရင် ကော်ဖီဆိုင်လေးတစ်ခုကိုသာ ရှာပါ။ ပြီးရင် မိုးပေါက်တွေလွင့်စင်နေတဲ့ မှန်ပြတင်းပေါက်ကို ငေးရင်း ကော်ဖီပူပူလေးတစ်ခွက်ကို ဇိမ်ရှိရှိသောက်ပါ။ လဲလို့မရတဲ့ မိုးရာသီရဲ့ အလှတရားတစ်ခုကို သင်ရှာတွေ့ပါလိမ့်မယ်။

လက်ရှိ ကောင်းကင်ကြီးကတော့ ပြိုကျတော့မယောင်။ ရှောင်းကျန့်ထိုကောင်းကင်ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။ မကြာခင်မိုးရွာလာပါတော့မယ်။

အတွေးတို့မဆုံးခင် မိုးပေါက်တစ်ဖြောက်နှစ်ဖြောက်စတင်ကျဆင်းလာနေပြီ။ နောက်တော့ ပိုပို၍ သည်းလာပါတော့တယ်။ အများသူငါ သွားလာနေသူများမှာလည်း အလျင်လိုနေဟန်။

လမ်းပေါ်တွင်သွားလာလှုပ်ရှားနေသူများလည်း တဖြေးဖြေးလျော့နည်းလာသည်နှင့်အမျှ ရှောင်းကျန့်ရဲ့ကော်ဖီဆိုင်လေးထဲတွင်တော့ စားပွဲဝိုင်းများအားလုံး လူပြည့်လုနီးပါးဖြစ်သွားတော့သည်။ ရှောင်းကျန့်ခပ်ပါးပါးလေးပြုံးလိုက်မိပါ၏။

ရှောင်းကျန့်၏ ရည်ရွယ်ချက်မှာရိုးရှင်းပါတယ်။ မိုးရာသီရောက်လျှင် အများသူငါ မိုးခိုနိုင်ခြင်းအတွက် ယခုလို ကော်ဖီဆိုင်လေးဖွင့်ထားခြင်းပင်။

အခုလည်း ဟိုဝိုင်း သည်ဝိုင်းမှ လှမ်းခေါ်နေပေပြီ။

"ဟုတ်ကဲ့၊ ဘာအလိုရှိပါသလဲခင်ဗျာ"

"ဘလက်ကော်ဖီတစ်ခွက်"

လူရွယ်က ထိုသို့ပြောပြီး မိုးစိုလာသော ဆံပင်များကို ခါနေသည်။ ဂုတ်ထိရှည်တဲ့ဆံပင်တွေ၊ ရှေ့ကျနေတဲ့ဆံနွယ်အိအိလေးတွေ လှုပ်ခါနေပုံမှာ ဂန္ဒဝင်ပင် ဆန်သေး၏။ မျက်နှာလေး လှုပ်ယမ်းသွားတာနဲ့တစ်ပြိုင်နက် နားစွဲလေးတွေကလည်း ပိုင်ရှင်စေစားရာအတိုင်း ယိမ်းနွဲ့လို့နေပါတယ်။

သူကြည့်နေမိတာ ဘယ်လောက်ကြာသွားသည်မသိ။ အနှီလူငယ်လေး ခေါင်းမော့ကြည့်လာမှ သတိဝင်ပါတယ်။

"ကိုယ်ချောမှန်းသိပေမယ့် ဒီလောက်အထိကြည့်နေရင်တော့ ကိုယ်လည်းမနေတတ်ဘူးလေ၊ ကော်ဖီပူပူလေး သောက်ချင်နေပြီဗျ"

Coffee & Raining (One Shot)Where stories live. Discover now