Chapter(21)U+Z

527 100 4
                                    

Chapter(21)
ရှုပ်ထွေးခြင်းမှရှင်းလင်းခြင်းသို့

ကျန်းရီဖေး၏အခန်းတွင် ကြီးမားသောနှစ်ယောက် ခုတင်ကြီးရှိပြီး လင်းယုတုန်က အဲဒီပေါ်မှာ အိပ်ပြီး ကျန်းရီဖေးကို အလွယ်တကူမထိန်ိုင်ပေမဲ့ ပြသနာကသူက ပြုတ်ကျပြီးကြမ်းပြင်ကို ချစ်နေတာကို နည်းနည်းတော့ရှက်စရာကောင်းတယ်လို့တွေးမိတယ်။ဒါ့ကြောင့် ဝမ်ဘို အိပ်ပျော်ချိန်ကို စောင့်ရမလား?မစောင့်ရဘူးလားဆိုတာ လေးလေးနက်နက်စဉ်းစားပြီးနောက် သူ့အခန်းထဲသွားပြီး အိပ်ရာလိပ်ကို ခိုးထုတ်လိုက်တယ်။

ဒီအချိန်မှာ ကျန်းရီဖေးက ရေချိုးခန်းထဲမှာ ရေချိုးနေတယ်။လင်းယုတုန်မှာ အဝတ်အစားတောင်မလဲရဘူး။နေ့လယ်စာမစားခင် အပြင်ထွက်ဖို့ပြင်ထားတဲ့အဝတ်အစားကိုသာ ဝတ်ထားတယ်။

ရုတ်တရက် ကျန်းရီဖေးက ရေချိုးခန်းထဲကနေ"တုန်တုန် ကိုယ့်ရဲ့မျက်နှာသစ်ဆေးက ကုန်နေပြီ။ကိုယ့်ကို မင်းဟာကို ငှားလို့ရမလား?"

ဒီအချိန်မှာ ကျန်းရီဖေးက လင်းယုတုန်နှင့် စကားပြောရန် ဆင်ခြေမဟုတ်ဘဲ မျက်နှာသစ်ဆေးကို အမှန်တကယ်အသုံးပြုရန်လိုနေပြီဖြစ်တယ်။

လင်းယုတုန် Sမြို့ကို သွားတုန်းက သူ့အကြိုက်ဆုံးမျက်နှာသစ်ဆေးကို ပုံမှန်အတိုင်းယူလာခဲ့တယ်။အခုလည်း သူ့ကျောပိုးအိတ်ထဲမှာ ကျန်နေသေးပြီး ဒီအိတ်က ကျန်းရီဖေး၏အခန်းထဲမှာရှိနေတယ်။သူ့ပစ္စည်းတွေက သူ့ရဲ့အထုတ်အပိုးတွေထဲမှာဘဲ ရှိသေးတယ်။သူက သွားပြီး ရေချိုးခန်းတံခါးကို ခေါက်လိုက်တယ်။ကျန်းရီဖေးက ရေချိုးပြီးမှန်းသိသာတယ်။လင်းယုတုန်က ဗလာဖြစ်သွားတဲ့သူ့လက်ကို ကြည့်ပြီး  ထွက်မသွားသေးဘဲ ရေချိုးခန်းတံခါးနားမှာ ရပ်နေပြီး ကျန်းရီဖေးထွက်လာတာကို မစောင့်တော့ဘူး။

ကျန်းရီဖေးက မျက်နှာသုတ်ပုဝါတစ်ထည်ကိုသာ ပတ်ပြီးထွက်လာရင်း သူ့ဆံပင်ကို သုတ်နေရင်း မေးလိုက်တယ်"မင်းဘာတွေ တွေးနေတာလဲ?"

လင်းယုတုန်က တံခါးကို ကြည့်ပြီး"ခင်ဗျား ကျွန်တော်ကို အိပ်ရာလိပ်ကို ဘယ်လိုယူရမလဲဆိုတာ ကူညီပေးန်ိုင်မလား?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now