ကေသီ

12.1K 36 0
                                    

ရေးသားသူ ဂျင်ကလိ

လှေခါးထိပ်ကနေ ကွေ့လိုက်သည် နှင့် စက္ကူပုံးကြီး တပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင် လေးတယောက် နှင့် ကောင်မလေး တယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူ တို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲ လည်း ဖြစ်သွားသည်။
ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိ ထား လိုက်မိတော့ မျက် နှာ နည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေး လိုက်မိပါသည်။ ဒါပေမယ့် မှာ ပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ ခုချိန်မှ တော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါ။

အဲဒီနေ့က မမနီ အပြောကောင်းတာလဲ ဖြစ်နိုင်ပါသည်။ ကေသီ ဘီယာသောက်တာ နည်းနည်းများသွားတာလည်း ဖြစ်နိုင် ပါသည်။ ဒါပေမယ့် မမနီပေးသော နံပါတ်ကို ချက်ချင်း ဖုန်းခေါ်မိတာ၊ မဆိုင်းမတွ ငွေလွှဲလိုက်မိတာက မူးတာထက် တော့ ပိုသွားသည်ဟု ထင်မိသည်။

"ရောက်တာ ကြာပြီလား၊ တို့လဲ ပြေးလာတာလမ်း ပိတ်နေလို့"
"မကေသီနော်"
"ဟုတ်ပါတယ်။"
"သမီးတို့ ဖြတ်ပိုင်းကြည့်လို့ရမလား၊ အမဆီကို လှမ်းပို့ထားတာလေ။"
"အော် ..အေးအေး"

ငြိမ်သက်စွာ ရပ်နေသည့် ကောင်လေးကို မျက်လုံးချင်း မဆုံမိအောင် သတိထားရင်း ကေသီက ဖုန်းကို ဖွင့်၍ ကုမ္ပဏီက ပြန်ပို့ထားသည့် message ကို ပြလိုက်သည်။

"ဟုတ်ကဲ့ ရပါပြီ အမ၊ တခါထဲ ဆင်ပေးရမယ် မဟုတ်လား၊ ဘယ်မှာထားမှာလဲ။"

အခန်းတံခါးကို ကဗျာကယာဖွင့်၍ ကုတင်ဘေးမှာ မနက်တုန်းက ရှင်းထားသည့် နေရာကို ပြလိုက်သည်။ သူတို့ နှစ် ယောက်က စက္ကူပုံးကြီးကို မ ပြီး ကေသီနောက်က လိုက်လာကြသည်။

"ရမလား၊ ဒီနေရာက"
"တပေခွဲကျန်ရင် ရပါတယ် အမ"

ရောက်ကထဲက နှုတ်ဆိတ်နေသော ကောင်လေးက ဝင်ဖြေသည်။ ကေသီ မလုံမလဲ နှင့် ခိုးကြည့်မိတော့ ကောင်လေး အမူ အရာက အေးအေးဆေးဆေး ပင်ရှိသည်။ သူ့မျက်နှာပေါ်မှာ လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင် စူးစမ်းသည့် အရိပ်အငွေ့တွေ မတွေ့ရပါ။ နိစ္စဒူဝ ကြုံနေကျဆိုတော့ ရိုးနေတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကျောပိုး အိတ်ထဲက ခေါက်ဓားတချောင်းကို ထုတ်၍ ကောင်လေးက ပုံးကို ဖောက်သည်။ အခန်းကျဉ်းလေးထဲမှာ လူ ၃ ယောက် စက္ကူပုံး တပုံး နှင့် ပြည့်သွားသည်။ ကောင်မလေးက ကေသီ့ဖက် ကို လှည့်ကြည့်ရင်း

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now