' ၄ ' The End

584 36 15
                                        

Uni

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Uni

“ ဒါက ကျွန်တော့် ရဲ့ အဆုံးသတ်ဆိုရင်တောင် ကိုကို နဲ့ အတူရှိနေတာမို့ အသက်မရှင်တော့ရင်တောင်
နောင်တရစရာမရှိပါဘူး ..
ကျွန်တော် ကျွန်တော့်ရဲ့
အိမ်‌လေးနားကနေ ဘယ်မှမသွားနိုင်ဘူး ! ”

_____________

မူးဝေ နေသည့် ဦးခေါင်းအား ဂရုမစိုက်အားဘဲ တုပ်နှောင်ခံထားရသည့် လက်နှစ်ဖက် အား လွတ်မြောက်စေရန်သာ
ကြိုးပမ်းနေသည် ။

သူ အခု ဘယ်ကိုရောက်နေသလဲ
သူမသိရပေမယ့် ဂေဟာထဲမှာပဲ
ဆိုတာကိုတော့ သူသိသည် ။

ဘာမှမမြင်ရအောင် သူ့မျက်လုံးတွေကို အဝတ်တစ်ခုနှင့် စည်းနှောင်ထားပြီး
လက်တွေ ၊ ခြေထောက်တွေကိုလည်း
လှုပ်မရအောင် ကြိုးတုပ်ထားသေး၏ ။

ဒါဟာ ဒေါ်လေး ရင်မီ ရဲ့
လက်ချက်ဖြစ်သည်။

အခြေအနေတွေအရ ဆို ဟိုလူတွေက
ငယ်ငယ့် ကို မိုးလင်းတာနှင့် ခေါ်ထုတ်သွားမည့် ပုံမို့ သူ ဒီထဲမှ အမြန်လွတ်မြောက် နိုင်မှ ဖြစ်လိမ့်မည်သာ ။ မဟုတ်ရင် ငယ်ငယ့် ကို သူစကားမတည်မိသလို ဖြစ်လိမ့်မည် ။
ငယ်ငယ့် ရဲ့ မှီခိုအားထားရာ ဂျီမင် က
ငယ်ငယ့် ကို ကာကွယ်ပေးနိုင်ရမည် ။

“ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး !!”

ထိုင်ခုံကို တမင်လဲကျအောင်လုပ်ပြီး နံရံကို ကြိုးတုပ်ခံထားရသည့် ခြေထောက်တွေနှင့် အားကုန် ကန်နေမိပါ၏ ။

လက်က ကြိုးတွေဟာ ကံကောင်းစွာဖြင့်
ဖြေရခက်မနေခဲ့ ။ ဒေါ်လေး က ဖြစ်သလိုပင် ချုပ်နှောင်ခဲ့လို့ ဖြစ်ပါလိမ့်မည် ။ မျက်လုံးတွေကို ကာထားသည့် အဝတ်အား ဖယ်လိုက်ပြီး လွတ်လပ်သွားသည်နှင့် တပြိုင်နက် ထိုအခန်းထဲမှ လွတ်နိုင်ရန်
ဆက်ကြိုးပမ်းရပြန်သည် ။

" ငယ်ငယ် "Where stories live. Discover now