Sweet Dream ( one short )

1.2K 97 8
                                    

Unicode Version

ပါးပြင်ထက်နွေးခနဲကျရောက်လာသော နေရောင်ခြည်တန်းရဲ့ထိတွေ့မှုကြောင့် အိပ်စက်နေရာကနေ အသိစိတ်သည် ပြန်လည်အသက်ဝင်လာပြီး မျက်ခွံလေးတွေဟာ ဖွင့်ဟလာခဲ့ရသည် ။ ခါးထက်လည်း လက်တစ်ဖက်ရဲ့ပွေ့ဖက်ခြင်းကိုခံထားရသည့်အပြင် ရင်ဘတ်ပေါ်၌ လေးလံစွာရောက်ရှိနေသော မျက်နှာနုနုကြောင့်လည်း နှလုံးသားထဲထိ နွေးထွေးမှုကိုခံစားရပါသည် ။

ရင်ဘတ်ပေါ်က သူမလေးရဲ့မျက်နှာကို လက်လေးတစ်ဖက်နဲ့ဖွဖွလေးမပြီး တစ်ဖက်ခေါင်းအုံးလေးပေါ်ကိုတင်ပေးလိုက်တော့ သူမဆီက အင်းခနဲဆိုတဲ့အိပ်ချင်မူးတူးအသံလေးဟာလည်း ကျွန်မသိပ်ချစ်ရတဲ့ နှုတ်ခမ်းဖျားလေးကနေ မြစ်ဖျားခံ၍ဖြစ်တည်သည် ။

မျက်လုံးလေးတွေမပွင့်လာသေးလို့ တော်ပါသေးရဲ့လို့ သက်ပြင်းကိုသူမ မကြားနိုင်အောင် တိုးတိုးလေးချလိုက်ပြီး အိပ်ယာပေါ်မှာ ငေါက်ခနဲထထိုင်လိုက်ပြီးနောက်မှာတော့ သမင်လည်ပြန်အကြည့်တွေကလည်း သူမရဲ့မျက်နှာတစ်ဝိုက်၌သာ တဝဲလည်လည် ရစ်ပတ်လေတယ် ။ သူမ မျက်နှာကို မျက်တောင်မခတ်တမ်းကြည့်နေရာကနေ အပြုံးတွေကလည်း ဘယ်ကလာမှန်းမသိ နှုတ်ခမ်းထက်စုပြုံလာရပြီး ထိုနှုတ်ခမ်းဖျားကနေ ထွက်ကျလာရတဲ့စကားတစ်ခွန်းဟာလည်း သူမကိုမနက်တိုင်းဆိုပြနေကျ တေးသံသာတစ်ပုဒ်လိုသာဖြစ်လေတယ် ။

" မောနင်း ငယ် သိပ်ချစ်တယ် "

စကားအဆုံး အိပ်ပျော်နေသေးသောသူမရဲ့နှုတ်ခမ်းထက် ပြွတ်ခနဲအနမ်းလေး ဆင့်ကူးပေးလိုက်ပြီးတဲ့နောက်မှာတော့ ကိုယ်တိုင်လည်း ကုတင်ပေါ်ကနေဆင်းကာ လုပ်စရာရှိတဲ့အလုပ်များကို ဆက်လက်လုပ်ကိုင်ပြီး အပြင်သို့ထွက်လာခဲ့လိုက်လေတယ် ။

တီရှပ်အဖြူကိုမှရိုးရိုးကြယ်သီးလေးနဲ့ ဘောင်းဘီရှည် စတိုင်ပန် အညိုလေးကိုပဲ Free စတိုင်ဝတ်ပြီး အပြင်ထွက်လာခဲ့မိပေမယ့် ဘာဝတ်ဝတ်ထင်းနေတတ်သော ကျွန်မကို လူတော်တော်များများက စိတ်ဝင်တစားနဲ့လိုက်ကြည့်တတ်ကြလေတယ် ။ တချို့ကတော့ မိန်းကလေးအချင်းချင်းရည်းစားလုပ်တွဲနေတဲ့ ကျွန်မကို အထူးတဆန်းနဲ့ကြည့်တာမျိုးလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ် ။ တချို့လူတွေအမြင်မှာတော့ အခုခေတ်အခြေအနေထိ လိင်တူချစ်ခြင်းဟာ အထူးဆန်းသယောင်ယောင်ပင် ။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 21, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Sweet Dream  (  GL one short ) Donde viven las historias. Descúbrelo ahora