ချေပါ...

14 4 0
                                    

ချေပါ

ကိုယ်စပြောမှ အသက်ဝင်မယ့် Conversations တွေ
Bye bye လုပ်

သူတခွန်းပြောရင် ကိုယ်ကငါးခွန်းလောက် ဖော်ရွေချင်တဲ့
စိတ်ဓာတ်လေးကို ပြင်

အထီးကျန်တဲ့အခါ အနားရောက်လာတဲ့ လက်တစ်ဖက်ကို
အားကိုးတကြီးဆုပ်ကိုင်ချင်တာတွေ မလုပ်နဲ့

ခင်ဗျားအမိအရဖမ်းဆွဲထားလည်း ဧည့်သည်သဘောမျိုးနဲ့
ရောက်လာတဲ့သူကတော့ အချိန်တန်ရင် ပြန်မှာပဲ

သူတို့လိုအပ်လို့ ကိုယ့်ဘဝထဲဝင်လာပြီး ပြန်ထွက်သွားတဲ့အချိန်မှ ကိုယ်ကသူတို့ကို လိုအပ်ပြီး မကျန်ခဲ့စေနဲ့

ချေတယ်ဆိုတာ နားထောင်လို့သာ မကောင်းတာ
ဘယ်သူ့အတွက်မှ လိုသုံး ဖြစ်စရာမလိုဘူး

ခဏတာလောက် အဖော်ရပြီး သူတို့အဖက်မလုပ်တဲ့အချိန်
ဝမ်းနည်းရမယ့်အတူတူ အထီးကျန်နေလည်း အထာလေးနဲ့ ချေပါ

ခင်ဗျားချေခဲ့ဖူးလို့ နောင်တရမှာမဟုတ်ဘူး
တကယ်လိုချင်တဲ့သူက အနားကိုမရောက်ရောက်အောင်
လာလိမ့်မယ်

မလိုချင်တဲ့သူအနားကို အတင်းရောက်အောင်သွားပြီး
ဖော်ရွေမိမှသာ နောင်တရ ရမှာ...

#

You've reached the end of published parts.

⏰ Last updated: Aug 11, 2022 ⏰

Add this story to your Library to get notified about new parts!

ချေပါ...Where stories live. Discover now