Ch(22)U+Z

497 107 3
                                    

Chapter(22)
ဂရုမစိုက်ခြင်း

ကျန်းဟုန်ရင်က ဒီနေ့စစ်ယူနီဖောင်းမဝတ်ထားဘဲ  အဝတ်များသည့်ပေါ့ပေါ့ဝတ်စုံသာ ဝတ်ဆင်ထားတယ်။သာမန်အဖြူရောင်ဂျာကင်ကို ဂျင်းဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားပြီး ချစ်စရာကောင်းတဲ့သိုးမွှေးဦးထုပ်က သူမရဲ့ကြည့်ကောင်းမှုကို မလျော့သွားစေဘူး။အသက်လေးဆယ်အရွယ်ရှိနေပေမဲ့ ကျန်းဟုန်ရင်ကိုကြည့်ရတာ ကောလိပ်ကျောင်းသူတစ်ယောက်လိုဘဲ။တကယ်လို့ သူမရဲ့အသံကြောင့် မဟတ်ရင် လင်းယုတုန်က သူမကို မှတ်မိမှာမဟုတ်ဘူး။

ကျန်းဟုန်ရင်က ပြောလိုက်တယ် "ငါအတွက် ဒီလိုမျိုးဝတ်ဆင်တာက ရှားပါးတယ်။တကယ်ကိုဘဲ ငါ့ကိုကြည့်ရတာ ပိုငယ်သွားတယ်မလား?ကောင်းပြီ...ဒီအကြောင်းပတ်သက်ပြီး ပြောစရာမရှိဘူး...ဒေါ်လေးအပြင်ထွက်လာတာက shopping အတူတူထွက်ဖို့ဘဲ...မင်း ဒေါ်လေးနဲ့လိုက်မယ်မလား?"

လင်းယုတုန်က အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ပြောလိုက်တယ် "ဒါအဆင်ပြေပါတယ်။ဒါပေမဲ့ ကျွန်တော် ဆရာကို ပျက်ကွက်ခွင့် ဒါမှမဟုတ် အတန်းကျော်ဖို့ တောင်းဆိုရမယ်"

ကျန်းဟုန်ရင်က သူမကားရပ်ထားသည့်နေရာကို လက်ဝေ့ယမ်းပြလိုက်ပြီး အရပ်ရှည်ရှည်လူငယ်တစ်ယောက်က ကျောင်းဝင်းထဲကိုဝင်သွားတယ်။ကျန်းဟုန်ရင်က ပြောလိုက်တယ် "သွားရအောင်...မင်းသဘောတူရင် ခွင့်မရမှာကို စိုးရိမ်စရာမလိုအပ်ဘူး"

လင်းယုတုန်က ကျန်းဟုန်ရင်နှင့်အတူ ကားပေါ်လိုက်သွားပြီး မြို့တော်ရှိဈေးအကြီးဆုံးဈေးဝယ်စင်တာသို့ ရောက်သွားတယ်။ကားပါကင်မှာ သူထိုင်ခုံခါးပတ်ဖြုတ်ပြီးနောက်မှာ ကျန်းဟုန်ရင်က ပြောလိုက်တယ် "ဒီနေ့ ငါ့တူလေးသာ အားနေရင် ငါသူနဲ့အတူရှိသင့်တယ်။ဒါပေမဲ့ သူသွားပြီ။ဒါကြောင့် ဒီနေ့ ဒေါ်လေးက မင်းကိုလှည့်ပတ်ဖို့ခေါ်လာတာ။တကယ်လို့မင်းကြိုက်သာရှိရင် ယူသာယူလိုက်။ဒေါ်လေးက ရီဖေးရဲ့အမေအနေနဲ့ ဒီလိုလုပ်ပေးတာဘဲ"

ဒေသခံတွေက လက်မထပ်ခင်မှာ တကယ်ကိုဘဲ သူတို့ရဲယောက္ခမနဲ့အတူ ဈေးဝယ်ထွက်ချင်ကြသည်။ယောက္ခမသည် သူ
မ၏ချွေးမအတွက် မင်္ဂလာလက်ဆောင်တစ်ခုဝယ်ပေးချင်သည်။သူမ၏ချွေးမအတွက် ပိုပြီးဝယ်ပေးလေ  ချွေးမသည် သူမရွေးချယ်ထားကြောင်း ပြသလေဖြစ်သည်။ဒါပေမဲ့ သူတို့မှာ ဒီပြသနာရှိပုံပေါ်လို့လား?

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now