ကိုယ်တိုင်ပါပဲ...

21 1 0
                                    

ဘဝ မှာ တကယ်ချစ်မိသွားရင်
တစ်ယောက်တည်းနဲ့ လုံလောက်သွားပြီး
ကိုယ်ဘဝရဲ့ အစိတ်အပိုင်းတိုင်းမှာ
အမြဲတမ်း သူပါဝင်နေတက်တယ်   ။

အိပ်စက်ခြင်းနဲ့နိုးထခြင်း
ရှင်သန်ခြင်းနဲ့ဖြစ်တည်မူ
ဖြက်သန်းရတဲ့ အချိန်တွေ
အားလုံးမှာ သူသာ စိုးမိုးထားတယ်  ။

အဲ့လို လူတွေ
မယုံမရှိပါနဲ့ တကယ်ရှိကျပါတယ်  ။

အပြုအမူနဲသာ လုံလောက်စွာ
တစ်ဖက်ကသိအောင် မပြရင်မပြတက်မှာ
သူသာ တကယ်လိုအပ်နေရင်
(နူတ်ကနေထုတ်ပြောကျိ)
သေပေးဖို့အထိ အဆင့်သင့်
ဖြည့်ဆည်းပေးနိုင်ရဲ့တဲ့
လူတွေ တကယ်ရှိပါတယ်  ။

အရမ်းချစ်မိလို့ သူသာ တကယ်ပျော်မယ်ဆို
သူဘက်က ကိုယ်ကို့စွန့်လွှတ်သွားရင်တောင်
အဝေးကနေ ငေးကျိနေပေးတက်တဲ့
လူတွေ တကယ်ရှိပါတယ်  ။

အရမ်းချစ်မိသွားတာထက်
ကိုယ်ဘဝ မှာ သူနဲပဲဖြက်သန်းတော့မယ်လို့
ရွှေးချယ်ဆုံးဖြက်ပြီး(မမြင်ရတဲ့ကံတရားတွေကြောင့်) ဝေးသွားခဲ့ရင်တောင်မှ နောက်ဆုံး
နာကျဉ်စရာတွေနဲ့ ထားရစ်ခဲရင်တောင်
ဘယ်ရင်ခွင်ရောက်ရောက် ဘယ်သူနဲ့ရှိရှိ
စိတ်လည်းမနာနိုင် မုန်းလည်းမမုန်းနိုင်
ခွင်လွှတ်နားလည် ကျေအေးပေးပြီး
ကျန်ရှိကာလ တစ်လျှောက်ကို သူကိုချစ်တဲ့
အချစ်တွေနဲအတူ တကိုယ်တည်း အဖော်ပြုပြီး
တစ်ယောက်တည်း ဖြက်သန်းနေတဲ့
လူတွေလည်း
တကယ်ရှိနေပါသေးတယ်  ။

(ကိုယ်မကြုံဖူးသေးလို့ မရှိဘူးမထင်ပါနဲ့)
(အများကြီးမှ အများကြီး ရှိကျပါတယ်)

(အဲ့လိုလူမျိုး သင်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်)

#

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Aug 18, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ကိုယ်တိုင်ပါပဲ...Wo Geschichten leben. Entdecke jetzt