Chapter(23)U+Z

492 103 1
                                    

Chapter(23)

ကျန်းရီဖေး လင်းယုတုန်တို့ထံမှ ထွက်သွားပြီး မကြာခင်မှာဘဲ ချန်းယုဆီက ဖုန်းဝင်လာပြီး ချန်းရှိက အမြန်ချောပို့မှ စာရွက်စာတမ်းတွေပို့ထားကြောင်း ပြောလာတယ်။ဖိုင်မှာ အမည်မပါရှိတာကြောင့် ချန်းရှိက အရေးကြီးသည့်တစ်စုံတစ်ခုလားဆိုတာ မသိနိုင်တာကြောင့် သူ့ကိုအတည်ပြုဖို့ရာ ဖုန်းဆက်ခဲ့တာဖြစ်တယ်။ကျန်းရီဖေးသည်  ကုမ္ပဏီမဝေးဟု တွေးပြီး ချန်းရှိကို စောင့်နေဖို့ပြောလိုက်တယ်။သူက ကုမ္ပဏီကို ဦးတည်ပြီး ကားမောင်းသွားလိုက်တယ်။သူရောက်သွားတဲ့အချိန်မှာတော့ ဘာမှမတွေးဘဲ ဖိုင်အိတ်ကို ဖောက်လိုက်တယ်။အထဲမှာ ဓာတ်ပုံအနည်းငယ်ရှိနေသည်။

ဓာတ်ပုံထဲတွေထဲမှာ လူနှစ်ယောက်ရှိသည်။သူတို့က ပခုံးချင်းထိနေတာ ဒါမှမဟုတ် တစ်ယောက်နှင့်တစ်ယောက်ငေးကြည့်နေသည့်ပုံတွေဖြစ်ပြီး အရမ်းရင်းနှီးတဲ့လှုပ်ရှားမှုတွေမရှိပေမဲ့ ဒါဟာ ရိုးရှင်းတဲ့ဓာတ်ပုံအဖြစ် ယူဆဖို့တော့ခက်သည်။အထူးသဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေပုံကို ပုံဖော်ကြည့်လိုက်တာနှင့် တစ်စုံတစ်ခုက သူ့နှလုံးသားကို ညစ်ထားသလိုမျိုး ကျန်းရီဖေးခံစားရလိုက်သည်။

ခဏလောက်ကြာပြီးနောက် သူက ရှန်ကျူနှင့်လင်းယုတုန်ကြားမှာ ဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ အခုတော့ ဒီလိုမဟုတ်ဘူးထင်ရသည်။

လင်းယုတုန်၏ဖုန်းသည် တတိယအကြိမ်ဝင်လာသည်။ကျန်းရီဖေးက တုံ့ဆိုင်းနေပြီးမှ ဖုန်းကိုင်လိုက်သည်။

"တောင်းပန်ပါတယ်။ကိုယ်ကားပေါ်က ဆင်းပြီး ယူဖို့မေ့သွားလို့...တစ်ခုခုဖြစ်လို့လား?"

လင်းယုတုန်က တစ်မိသားစုလုံး၏အကြည့်အောက်မှာ ပြောလိုက်တယ် "ဘာမှမဟုတ်ပါဘူး။ကျွန်တော် ခင်ဗျားကို ကျွန်တော့်အိမ်လာချင်လားလို့မေးမလို့?"

ပုံမှန်ဆိုရင် ကျန်းရီဖေးက မျက်တောင်မခတ် "လာမယ်"လို့သာပြောပြီး steering-wheelကို လှည့်ပြီးဖြစ်တယ်။ဒါပေမဲ့ ဒီအချိန်မှာတော့ သူက တိတ်ဆိတ်နေပြီး ခဏလောက်ကြာမှ မေးလိုက်တယ် "မင်းကိုယ့်ကိုလာစေချင်လား?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now