【01】

3.3K 288 41
                                    

⟨ Unicode Version ⟩
“ ကြယ်တစ်ပွင့်ရဲ့လက်ထပ်မင်္ဂလာ ”
အပိုင်း တစ်

" ကန်ထယ်အို ~~ ကန်ထယ်အို ရှိနေလား ငါ ဝင်လာခဲ့မယ်နော် "

ခပ်ဟဟလေးပွင့်နေတဲ့ ဟိုတယ်အခန်းတံခါးရဲ့လက်ကိုင်ကို မရဲတရဲဆုပ်ကိုင်လိုက်မိသည်။ ခံစားချက်တွေက စိုးထိတ်နေပေမယ့်ကန်ထယ်အိုဆီက ယူရမယ့်အဖွဲ့လိုက်ပရောဂျက်ကို ဒီနေ့ရမှဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကန်ထယ်အိုဆီကို ဖုန်းဆက်မေးတော့ ကန်ထယ်အို သူ့ကို ချိန်းဆိုခဲ့သည့်နေရာက Silver Villageဟိုတယ်ရဲ့ အခန်းနံပါတ် 1997ဆီ~~။ စိတ်ထဲသွားရမှာ စနိုးစနောင့်ဖြစ်နေပေမယ့် စကောလာကျောင်းသားဖြစ်တဲ့သူ့အတွက် အဖွဲ့လိုက်ရမှတ်က အရေးကြီးသည်လေ။

" ကန်ထယ်အို ~ "

ဝင်လာမယ်ပြောလိုက်ပေမယ့် မဝင်ရဲနေတာမို့ထပ်ခေါ်လိုက်မိသည်။ ကန်ထယ်အိုဆိုတာက ဖော်ရွေတတ်ပြီး သိပ်ကိုခင်ဖို့ကောင်းတဲ့အတန်းဖော်တစ်ယောက်ပါ။နေပုံထိုင်ပုံက အရမ်းခေတ်ရှေ့ပြေးသလို ကျောင်းတုန်းကလည်း အရမ်းပေါ်ပြူလာဖြစ်တဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။ ကောင်လေးတွေကိုလည်း ထည်လဲတွဲတတ်သလို ကောင်မလေးတစ်ချို့နဲ့လည်း ဇာတ်လမ်းတွေရှိတာဖြစ်သည်။

အဲ့လိုလူက အခုလို ဟိုတယ်မှာရှိနေတာ မထူးဆန်းပေမယ့် ကင်ဆော့ဂျင်ဆိုတဲ့သူ့အတွက်ကတော့ ထူးဆန်းသည်။ ပရောဂျက်တစ်ခုကို ဟိုတယ်ခန်းထိ လိုက်တောင်းရမှာလေ။

ဆော့ဂျင် လက်ပတ်နာရီကို ကြည့်လိုက်မိသည်။ ည ခုနှစ်နာရီထိုးတော့ပေမည်။အချိန်ပိုင်းအလုပ်က ကပ်နေသည့်အပြင် မြန်မာဆီလွှဲရမယ့် Kpop Merchတွေအတွက် Deliveryကောင်လေးဆီအပ်ရဦးမှာဖြစ်သည်။ နှောက်ဆုံးနှစ်ကျောင်းသားဆိုပေမယ့် အမှတ်ကောင်းရင် အမေရိကားက ဒီပလိုမာသင်တန်းတွေအတွက် စကောလာရနိုင်ချေရှိတာမို့ ဒီလို ပရောဂျက်အသေးလေးကရမယ့် အမှတ်စကလို့ အရာရာဟာ သူအဖို့ရေးကြီးသည်ပင်။

" ကန်ထယ်အိုရေ ငါတကယ်ဝင်လာပြီ "

မျက်မှန်လေးကို ပင့်တင်ကာ အားတင်းပြီး တံခါးလက်ကိုင်ကို ဆွဲဖွင့်ဝင်မိသည်။ မိုးပြာရောင်ကြယ်သီးရှပ်လေးကို ဂျင်းအပြဲနဲ့ တွဲဝတ်ထားတဲ့သူဟာ ပရောဂျက်ဖိုင်တွဲကိုလည်း လက်ထဲမှာ ပိုက်လျက်သားပင်။

A Star's Marriage【Completed】Where stories live. Discover now