♡︎𝚏𝚊𝚕𝚕 𝚒𝚗 𝚕𝚘𝚟𝚎

1K 127 13
                                    

ဆယ်ကျော်သက်အရွယ်...

သစ်ရွက် လူပ်တိုင်း ရယ်ရင်လည်း
ရယ်မိလိမ့်မယ်...

အသေးအမွှား လေးတွေအပေါ်လည်း..
ဆတ်ဆတ်ထိ မခံအကဲဆတ်ချင် အကဲဆတ်နေမိလိမ့်မယ်...

တစ်ယောက်ယောက် ကို ပထမဆုံး အနေနဲ့  အများကြီး သဘောကျ ချင်လည်း ကျနေမိလိမ့်မယ်..

ပြီးတော့ အဲ့ဒီ သူက ကိုကို ခင်ဗျား ဖြစ်ချင်လည်း ဖြစ်နေလိမ့်မယ်....။

::::::::

ကျောင်းဝန်းရှေ့ တံခါး အနားတွင် ချက်ချင်း မဝင်သေးပဲ တစုံတယောက် အားတမျော်မျော် လုပ်နေမိသော ဆောနူ..

သိပ်မကြာလိုက်ပါ ကိုယ်ပိုင် အိမ်စီးဇိမ်ခံကားအနက်လေးပေါ်က သန့်ရှင်းဖွေးစင်နေသော ခြေနင်းအဖြူ ရောင်လေး နဲ့ ဆင်းလာသောသူ က ဆောနူ နေ့တိုင်း စောင့်မျော်နေရသူ...

ဆံနွယ် အနက်ရောင် လေးတွေက အမြဲ ကပိုကယို ရှေ့ကျနေတတ်ပြီး မျက်မှန် ကိုင်းရွှေရောင် အဝိုင်းလေး အောက်ဆီက မျက်ဝန်း တွေကတော့ နွေး '' ထွေး ''
ရှိနေတတ် ၏ ။

ပါးလွှာသေသပ်သောနူတ်ခမ်းလွှာများက တော့ အပြုံးအရယ်နည်းပါးတတ်သည် ။

သို့သော်...

''ကိုကို  အတန်းသွားတော့မလို့လား ခင်ဗျ  ''

မဝံ့မရဲ အသံတိုးတိုးလေးနဲ့ ဆောနူ နူတ်ဆက်လိုက်သည် နှင့် ကွေးညွှတ်သွားသော နူတ်ခမ်းပါးများ....ပိုင်ရှင် အီဟီဆွန်း

ခေါင်းတချက်သာငြိမ့်ပြရုံ

နူတ်ခမ်းကွေးရုံ ပြုံးပြတတ်ရုံ ဆိုပေမယ့်

လုံလောက်ပါတယ်...

ဆောနူ ကျေနပ်စွာပြုံးလိုက်သည် ။

နီရဲနေသော လက်ချောင်းလေးတွေက ပျော်မြူးနေခြင်းကြောင့် ဂနာမငြိမ်..

ဖိနပ်ခြေဖနောင့်လေးတွေက တကြွကြွ..

မနက်တိုင်း မှာ ထိုသူ မျက်နှာက
အပြုံး တချက်ကို မြင် ရဖို့...ကဆောနူ အတွက်ရေးကြီးလွန်းခဲ့သည် ။

ဆောနူ ဘေးတဖက်ဆီကနေ ကျောပိုး အိတ်တဖက်စောင်း အနေအထားကိုလွယ်ကာ
ဖြတ်လျောက်သွားသော သူ့ဆီက ခပ်သင်းသင်း ရေမွှေးနံ့ က ဆောနူ ယစ်မူးစွဲမက်ရသော ရနံ့ တခု....

ᘜIᐯᗴ ᗰᗴ ᗷᑌTTᗴᖇᖴᒪIᗴՏWhere stories live. Discover now