Episode-(1)

2.8K 285 83
                                    

♡Unicode version♡

*ဝှီ!...ဝှီ!...ဝှီ!...*

လမ်းမထက်ကယဥ်များကြား တဝှီဝှီအသံပြုကာပြေးလွှားနေသည့်လူနာတင်ကားတစ်စီး။လူဦးရေမနည်းမနောနေထိုင်သည့်ပေကျင်းလိုမြို့ပြကြီးမှာနေ့စဥ်လိုလိုဖြစ်ပွားတတ်သည့် ဒီလိုယဥ်တိုက်မှုaccidaentဆိုတာမျိုးက ထူးတော့မထူးဆန်းလှပါ။တရိပ်ရိပ်မောင်းနှင်းသွားလိုက်တာ ငါးမိနစ်ဆိုသည့်အချိန်အတွင်းမှာပဲ ထိုလူနာတင်ကားဟာ မြို့လယ်မှာဟီးဟီးကြီးတည်ရှိနေတဲ့ နာမည်ကြီးပေကျင်းအထွေထွေကုဆေးရုံကြီးရှေ့ဆိုက်ရပ်သွားတယ်။အပူသောကနဲ့လူတစ်စုထပ်ရောက်လာပြန်ပြီပေါ့။

" ဒေါက်တာ! ကယ်ပေးပါ....ကျေးဇူးပြုပြီး...ကျွန်မယောက်ျား သူ...သူသွေးတွေနဲ့!..."

ဆေးရုံထဲတွန်းဝင်လာသည့်လူနာတွန်းလှဲနဘေးတောက်လျှောက်လိုက်ပါလာသည့်အမျိုးသမီးက ဂျူတီကုဒ်နှင့်ဆရာဝန်ကိုမြင်သည်နှင့် အပူတပြင်းတောင်းဆိုရှာတယ်။သူမခင်ပွန်းဖြစ်ဟန်ရှိသည့်လူနာကတွန်းလှဲပေါ်သွေးအလိမ်းလိမ်းနှင့်မေ့မျောနေပြီး သူမကမူ မျက်ရည်စိုလျှက် ခန္ဓာကိုယ်မှာလည်းထိခိုက်ဒဏ်ရာတချို့တို့ဖြင့်။

"ဟုတ်ကဲ့...ကျွန်တော်တချက်စစ်ပါရစေ!..."

ရှောင်းကျန့်တစ်ယောက် လူနာရှင်အမျိုးသမီးကိုစိတ်ချစေရန်ခေါင်းတချက်ငြိမ့်ပြလိုက်ပြီး တွန်းလှဲပေါ်ကလူနာအနားကပ်သွားလိုက်တယ်။ဂျူတီကုဒ်အဖြူ အိပ်ကပ်ထောင့်ကအသေးစားဓာတ်မီးလေးထုတ်ယူလိုက်ပြီး လူနာရဲ့မျက်လုံးတွေအားစစ်ဆေးကြည့်ရတယ်။စေ့စေ့ပိတ်ထားသည့်နှုတ်ခမ်းလွှာအောက်ကမှဲ့ရေးရေးလေးနဲ့ ဒေါက်တာရှောင်းက အလုပ်ထဲဈာန်ဝင်စားနေသည့် သည်လိုအချိန်တွေဆို ကြည့်အကောင်းဆုံးပဲ။

"ဒေါက်တာလင်း operationခန်းအဆင်သင့်ပြင်ထားပေးပါ...ICUရိုက်ပြီးတာနဲ့ ခွဲစိပ်ခန်းဝင်ရပါမယ်!..."

"ဟုတ်ကဲ့ ပရော်ဖက်ဆာရှောင်း!..."

လက်ထောက်ဒေါက်တာလေးအားထိုသို့ပြောပြီးလူနာရှင်အားလှည့်ပြုံးပြလိုက်သည့်ရှောင်းကျန့်။အမိန့်ပေးတာမျိုးမဟုတ်တိကျလွန်းသည့်ရှောင်းကျန့် ကသည်လိုနေရာတွင်ယတိပြတ်သာပြောတတ်သူ။ပေကျင်းဆေးရုံကြီးတွင် တာဝန်ကျတာမကြာသေးပေမဲ့ ရှောင်းကျန့်ကလက်အောက်ငယ်သားမရွေး ချစ်ကြောက်ရိုသေပြီး ဆေးရုံအုပ်ကိုယ်တိုင်ကပင်လေးစားရသည့်ပရော်ဖက်ဆာဒေါက်တာတစ်ယောက်။

More Than LifeWhere stories live. Discover now