Doctor Jung(SungSho)

1.3K 64 6
                                    

Unicode

''Doctor Jung''

''မင်္ဂလာပါခင်ဗျ လူနာရဲ့ အမည်က Shotaroနော် ဝေဒနာ အကြောင်းလေး ဆရာ့ကိုနဲနဲပြောပြပါအုံး"

"ဆရာ ...ကျွန်တော် ဗိုက်ကခွဲထားတာ သုံးလလောက်ရှိပါပြီ"

"ဟုတ်ကဲ့ "

"ခွဲတုန်းက ချုပ်ရိုးမခိုင်တာကြောင့် ကျွန်တော်ချုပ်ရိုးပြေပြီးတလလောက်ဆေးရုံပြန်တက်လိုက်ရပါတယ်"

"ချုပ်ရိုးပြေအောင်အထိလူနာက စည်းကမ်းဖောက်ဖျက်မိလို့လား"

SungChanအမေးကို ထိုလူနာကောင်လေးက ကြောင်ကြည့်လို့နေသည်။

"ကျွန်တော်က လွန်ခဲ့တဲ့လကမှ Japan ကနေပြောင်းလာခဲ့တာပါ အဲ့တာကြောင့် တစ်ချို့ကျွန်တော်ပြောဖို့ခက်နေတာလေးတွေရှိရင်"

"ဟုတ်ကဲ့ရပါတယ်ခင်ဗျ ကျွန်တော်နားလည်ပါတယ် ကျွန်တော်မေးချင်တဲ့သဘောက ချုပ်ရိုးမဖြေခင် အလေးအပင်တွေ မ လိုက်မိသေးလားလို့ပါ"

"အပင်တော့ မ'မ'ပေမယ့် အလေးတချို့တော့ကျွန်တော် မ လိုက်မိတယ်"

"အခု အဲ့ဒီ့ချုပ်ရိုးနားက အဆင်မပြေဖြစ်လို့လား"

"ဟုတ် ဟိုကနေ ချုပ်ရိုးဖြည်ပြီးတဲ့နေ့ကတည်းက အဲ့အနားတဝှိုက်မှာ အလက်ဂျစ်လိုအနီဖုလေးတွေထွက်ပြီး တစ်ခါတလေအမာရွတ်ကယားယံလာလို့ပါဆရာ "

"ဟုတ်ကဲ့ သိပါပြီ ဒါဆိုရင်လူနာ Shoရဲ့ အမာရွတ်ကပျောက်ခါနီးပြီမို့ယားယံတာဖြစ်ပြီး အနီဖုငယ်လေးတွေက မတည့်တဲ့အစားအစာတစ်ချို့စားမိတာကြောင့်ဖြစ်ပါလိမ့်မယ်ဥပမာပင်လယ်စာမတည့်ပဲစားမိတာမျိုးပေါ့"

"ဟုတ် ကျွန်တော်အဲ့တာဆိုရင်ပင်လယ်စာလျှော့စားလိုက်ပါမယ်"

ပင်လယ်စာကိုတော့ ထိုကောင်လေးကကြိုက်ပုံပေါ်သည်။

"ကဲဒါဆို အတွင်းခန်းလေးထဲခဏဝင်လှဲပေးနော် ကျွန်တော်အမာရွတ်ကိုတစ်ချက်ကြည့်ပြီး ထိုးဆေးထိုးသင့်မထိုးသင့်ရယ်ပေးရမယ့်သောက်ဆေးရယ်အတွက်ခွဲစိတ်ထားတဲ့ဒဏ်ရာကိုတစ်ချက်ကြည့်မယ်နော်"

"ဟုတ်"

Shotaroက အတွင်းခန်းလေးထဲဝင်သွားပြီး ဖော့ကုတင်အနက်ကလေးပေါ်ပက်လက်လှန်နေလိုက်သည်။ SungChan ကနားကြပ်လေးအဆင်သင့်တပ်ကာ လိုအပ်တာလေးတွေစမ်းသပ်ပြီး Nurse ယူလာတဲ့ဗန်းလေးထဲက စလင်းကို ယူပြီး ဆေးရည်ကိုလှုပ်ကာထိုးဆေးပေးဖို့ပြင်ရသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now