𝘦𝘳𝘢𝘴𝘦

1.5K 153 15
                                    

ရေခဲသေတ္တာတံခါးကိုဖွင့်လိုက်တဲ့အခါ နို့ဘူးတွေနဲ့ မုန့်ဘူးအချို့အကြား စတီးဇွန်းအရှည်တစ်ချောင်းကိုဂျောင်ဝန်းတွေ့လိုက်ရတယ်။ ခဏလောက်ငေးစိုက်ကြည့်နေပြီးတော့မှ တံခါးအကန့်ဘက်ကဒိန်ချဥ်တစ်ဘူးကိုယူထုတ်ပြီးပြန်ပိတ်လိုက်တယ်။

သူ့အပြင်ဘယ်သူမှမရှိတဲ့ထမင်းစားခန်းက တိတ်ဆိတ်ရှင်းလင်းနေတယ်။ မျက်နှာကျက်မီးရောင်ဟပ်နေတဲ့ကျွန်းစားပွဲဟာပြောင်လက်လို့။ ခုံတစ်ခုံဆွဲထိုင်ရင်း ဒိန်ချဥ်ဘူးအဖုံးကိုဆွဲခွာလိုက်တယ်။ လက်ထဲကကိုင်ထားတဲ့ဇွန်းကတော့ သေချာပေါက်ခုနကတွေ့လိုက်တဲ့ရေခဲသေတ္တာထဲကဇွန်းတော့မဟုတ်ဘူး။

စတော်ဘယ်ရီဒိန်ချဥ်က သူ့ခံတွင်းတစ်ခုလုံးထဲပျံ့နှံ့သွားတယ်။ သူ့ပါးစောင်ဘက်ကအံသွားတွေကိုပါကျဥ်တက်သွားစေတဲ့အထိ။ မျက်လုံးနားအထိဝဲကျနေတဲ့ဆံပင်နီနီတွေကိုသူသပ်တင်လိုက်တယ်။ ချွေးတွေကြောင့် စီးကပ်ကပ်ဖြစ်နေတဲ့ခံစားမှုကသူ့လက်ဖဝါးမှာလိုက်ပါလာတယ်။

သိပ်မကြာခင်ပဲ ထမင်းစားခန်းထဲကို ခြေလှမ်းဖွဖွတွေနဲ့အတူတစ်စုံတစ်ယောက်ဝင်လာတယ်။ လှည့်မကြည့်ရင်တောင် ဘယ်သူလဲဂျောင်ဝန်းသိပါတယ်။ အဲ့ဒါကလည်းသူဘယ်တုန်းကမှ ရည်ရွယ်ပြီးဖြစ်ချင်ခဲ့တဲ့အရာမဟုတ်ဘူး။

ဂျေးက ဂျောင်ဝန်းကိုတွေ့တော့အံ့သြသွားပုံရတယ်။ တကယ်လည်း ဘယ်သူကများ ည၁၀ နာရီထိုးအချိန်ကြီးမှာ အေးစက်စက်ဒိန်ချဥ်ကိုတစ်ယောက်တည်းထိုင်စားနေမလဲ။ ဂျောင်ဝန်းလှည့်မကြည့်ပေမဲ့ ဂျေးက သူ့မျက်နှာကိုမသိမသာကွယ်ရင်းရေခဲသေတ္တာဆီသွားတယ်။ ပြီးတော့ တံခါးကိုဖွင့်ပြီး ခုနက ဂျောင်ဝန်းတွေ့လိုက်တဲ့စတီးဇွန်းအရှည်ကိုထုတ်ယူလိုက်တယ်။

ပြီးတော့။

ပြီးတော့ စားပွဲမှာလာမထိုင်ဘူး။ အဲ့ဒီအစား ဘေစင်အနားရပ်ပြီး ဂျောင်ဝန်းကိုကျောပေးလျက်နဲ့ပဲ အဲ့ဒီဇွန်းကိုသူ့မျက်နှာရဲ့နေရာအချို့ပေါ်ဖိကပ်တယ်။

သူ့ရဲ့ နီရဲဖောင်းအစ်နေတဲ့မျက်လုံးတွေနဲ့ တင်းကြပ်နေတဲ့ပါးပြင်တွေပေါ်။

erase | heejaywon | Where stories live. Discover now